【သင်ခန်းစာ ၁- ၂】 SE တစ်ယောက်၏တာဝန်များ(နောက်ဆက်တွဲ)

mainImg

【သင်ခန်းစာ ၁- ၂】 SE တစ်ယောက်၏တာဝန်များ(နောက်ဆက်တွဲ)
၃။ အကောင်အထည်ဖော်ရေး (Code ရေးဆွဲခြင်း)

ဒီဇိုင်းရဲ့ အဆင့်တွေအတိုင်း အသေးစိတ်ရေးဆွဲထားတဲ့ ပုံကိုအခြေခံပြီး Programကိုဖန်တီးပါဆောက်လုပ်ရေးမှာဆိုရင်တော့ တကယ်လက်တွေ့ အိမ်ဆောက်တာဖြစ်ပါတယ်။Tontenkan အဖြစ် လုပ်ဆောင်သွားရအာင်။
Systemပြုလုပ်ခြင်းကို C ဘာသာစကား, Java လို့ခေါ် သော
Programming ဘာသာစကားကို အသုံးပြုပြီး ကွန်ပျူတာမှာ Program ရေးကြည့်ကြရအောင် ။

သင်တို့အနေနဲ့ ကြည့်မယ်ဆိုရင် ဒီလုပ်ငန်းစဉ်က အခက်ခဲဆုံးလို့ မြင်ကောင်းမြင်ကြပါလိမ့်မယ်။ဒါပေမယ့် ခုနကဖော်ပြခဲ့တဲ့ Required analysisနဲ့ ပုံစံတွေကိုသာ ကောင်းကောင်းနားလည်ခဲ့မယ်ဆိုရင် အဲဒီလောက်ခက်ခဲတဲ့လုပ်ငန်းစဉ်မဟုတ်လို့ အဆင်ပြေသွားမှာပါ။

၎။ စမ်းသပ်စစ်ဆေးမှု

ဆောက်လုပ်ရေးမှာဆိုရင် အစိတ်အပိုင်းတွေ လစ်လပ်မနေဘူးလား။ သစ်သားက ၁စင်တီမီတာလောက် တိုနေတာတွေ ဘာတွေ ဖြစ်မနေဘူးလား။
အဲဒီလိုမျိုး အစိတ်အပိုင်းတွေရဲ့ အရည်အသွေးစမ်းသပ်မှုကနေ ဆောက်ပြီးသာအိမ်ရဲ့အားနည်းချက်တွေ အထိ လိုက်လံစစ်ဆေးတာဖြစ်ပါတယ်။
တည်ဆောက်ပြီးတဲ့ ပစ္စည်းတွေရဲ့အရည်အသွေးစစ်ဆေးမှုအထိ စစ်ဆေးမှုအမျိုးမျိုးလုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။
အိမ်ဆောက်ကြည့်မယ်ဆိုရင် ချို့ယွင်းချက်ရှိတဲ့အိမ်မျိုးမဖြစ်ရအောင် သေချာစစ်ဆေးရပါတယ်။
Systemတိုးတက်မှုမှာလည်း အတူတူပဲဖြစ်ပါတယ်။

  • အစိတ်အပိုင်းများ စစ်ဆေးရေး
  • အစိတ်အပိုင်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ရန်နည်းလမ်း
  • တီထွင်ပြီးတဲ့ System တစ်ခုလုံးရဲ့ လှုပ်ရှားမှု

ဒီရှုထောင့်ကနေ ပြောင်းလဲပြီး စစ်ဆေးကြည့်ရအောင်။
အခြေခံကျကျပြောရမယ်ဆိုရင် လိုအပ်တဲ့ခွဲခြမ်းစိတ်ဖြာမှုနဲ့ ပုံကြမ်းတွေမှာ အသုံးပြုထားတဲ့ စာရွက်စာတမ်းတွေကို နောက်တစ်ကြိမ် ထပ်စစ်ဆေးပြီး အမှားတွေ လွဲချော်မှုတွေ ရှိမရှိကို စစ်ဆေးပါ။
အကယ်၍ အမှားတွေ့ခဲ့မယ်ဆိုရင် Analysis မှု Designအကောင်အထည်ဖော်ရေး ဘယ်နေရာမှာ မှားနေသလဲဆိုတာကို ပြန်လည်စိစစ်ပြီး ပြုပြင်ရပါမယ်။

၅။ Delivery (Release)

ကဲ ဖန်တီးပြီးတဲ့ System ကို အသုံးပြုသူတွေကို စတင်အသုံးပြုစေမယ့် အချိန်ဖြစ်ပါတယ်။SE တွေ အနေနဲ့ စိတ်ကျေနပ်စေမယ့်အချိန်လည်း ရှိသလို စိတ်ဖိအားတွေရစေမယ့် အချိန်တွေလည်း ရှိပါတယ်။

System ကို အသုံးပြုသူဆီ ယူဆောင်သွားပြီး System အသုံးပြုပုံနဲ့ အားသာချက်တွေကို ရှင်းပြပြီး စတင်အသုံးပြုခိုင်းရပါမယ်။ဒီအချိန်မှာ “၁ Required analysis” အဆင့်မှာ လုပ်ဆောင်ခဲ့ရတာတွေကို တွက်ချက်ပြီးတော့ ကျသင့်ငွေ တောင်းခံရမယ်။#တကယ့်လက်တွေ့မှာတော့ ပိုက်ဆံလက်ခံရရှိခြင်းဟာ ရှုပ်ထွေးပါတယ်။

ဒါပေမယ့် SEတွေအတွက်ကတော့ ပျော်ရွှင်မှုဆိုတာ ပိုက်ဆံထက် ”အဆင်ပြေပာတယ် ကူညီပေးလို့ တော်သေးတာပေါ့”ဆိုတဲ့ ကျေးဇူးတင်စကားပဲဖြစ်ပါတယ်။

ဒီလိုအချိန်ရဲ့ ခံစားမှုက ဘာနဲ့မှကို ဖော်ပြလို့မရနိုင်ပါဘူး။ System ကို မှာယူတဲ့ ဖောက်သည်တွေအတွက်သာမက အသုံးပြုသူတွေအတွက်ပါ စဉ်းစားပြီး လူအများအတွက် အသုံးဝင်စေမယ့် အရာကိုပြုလုပ်နိုင်ခဲ့လို့ဖြစ်ပါတယ်။

ဒီဟာကြောင့် SE လုပ်ရကျိုးနပ်တယ်လို့ ပြောနိုင်တာပါ။ လောလောဆယ်တော့ ထောက်ပံ့ပေးနေပေမယ့်လည်း စီးပွားရေးဖြစ်လို့ ပိုက်ဆံရပြီး ပျော်ရွှင်မှုဖြစ်ပါတယ်။

အကျဉ်းချုပ်

စကားမစပ် SE အလုပ်ကို ဘယ်လိုထင်သလဲ။
SE ဆိုတာက ကွန်ပျူတာနဲ့ပတ်သက်တဲ့ အလုပ်သက်သက်ပဲမဟုတ်ပါဘူး။
ဖောက်သည်တွေ System ကိုအသုံးပြုသူတွေနဲ့ ဆက်ဆံတဲ့ အလုပ်တစ်မျိုးဖြစ်ပါတယ်။

SEနဲ့ Programmer ၏ခြားနားချက်

SE လိုမျိုးပဲ Programmer ဆိုတဲ့ နာမည်ကို ကြားဖူးကြမယ်ထင်ပါတယ်။
နှစ်ခုစလုံးက System တိုးတက်မှုနဲ့ ပတ်သက်တဲ့ အလုပ်တွေပဲဖြစ်ပါတယ်။
ဒါဆို SE နဲ့Programmer ရဲ့ ခြားနားချက်ကဘာလဲ

တစ်ခွန်းတည်းပြောရမယ်ဆိုရင်တော့ Programmer ဆိုတာက “အကောင်အထည်ဖော်ရေးမှာ ကျွမ်းကျင်သူ ” ဖြစ်ပါတယ်။SE ရဲ့Designကို အခြေခံပြီး Program ဆွဲပေးတဲ့ ပညာရှင်ဖြစ်ပါတယ်။
ဆောက်လုပ်ရေးမှာဆိုရင်တော့ ဗိသုကာပညာရှင်ဆွဲပေးတဲ့ ပုံကြမ်းကို အခြေခံပြီး အိမ်ဆောက်တဲ့

SE ပြုလုပ်ပေးထားတဲ့ Designမှာတော့ များသောအားဖြင့် လက်တွေ့လုပ်ဆောင်ဖို့ အသေးစိတ်အချက်အလက်တွေကို ရေးပေးမထားပါဘူး။ ဥပမာ ဘယ်လိုမျိုး Programက ပိုပြီး မြန်မြန်ဆန်ဆန်လုပ်ဆောင်သလဲ ဆိုတဲ့ အကြောင်းအရာမျိုးက Designမှာ သိပ်မပါပါဘူး။
Programmer တွေက ဒီလိုမျိုး အသေးစိတ်အကြောင်းအရာတွေကို သေချာစဉ်းစားပြီး Program ရေးဆွဲတဲ့ အလုပ်ပဲဖြစ်ပါတယ်။

ဒီလိုမျိုးရေးလိုက်တော့ SE နဲ့Programmerက လုံးဝကွဲပြားတဲ့အလုပ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့် ထူးချွန်တဲ့ SE တွေအတွက်တော့ Programmer မှာရှိရမယ့် ဗဟုသုတကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
SE တွေမှာ Programmer ဗဟုသုတမရှိဘူးဆိုရင် Programmer တွေကို ရှင်းလင်းတိကျတဲ့ Program ညွှန်ကြားမှုတွေလည်း မပေးနိုင်တော့ဘူးမဟုတ်လား။

ဥပမာ System မှာ အဆင်မပြေမှုတွေ ဖြစ်လာတဲ့အချိန်မှာ “Program ရဲ့ဒီနားတဝိုက်က ထူးဆန်းနေတယ်” ဆိုတာမျိုးလောက်တောင် ထောက်မပြနိုင်ရင် အခက်တွေ့နိုင်ပါတယ်။ Programmer နဲ့ အသုံးပြုသူ နှစ်ဦးနှစ်ဖက်စလုံးကို နားလည်ပြီဆိုရင် အမြင့်ဆုံးဖြစ်တဲ့ ထုတ်လုပ်မှုအပိုင်းကို ဆက်သွားပါမယ်။


Check our Facebook Page!