【သင်ခန်းစာ ၁-၁】 SEတစ်ယောက်ရဲ့တာဝန်များ (ပထမပိုင်း)

mainImg

【သင်ခန်းစာ ၁-၁】 SE တစ်ယောက်၏တာဝန်များ(ပထမပိုင်း)

SE ဆိုတဲ့အလုပ်က ကွန်ပျူတာကိုအသုံးပြုပြီးcustomer ၏ဆန္ဒ ကိုလုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ ပိုပြီးလေးလေးနက်နက်ပြောရမယ်ဆိုရင်တော့ SE ဆိုတာကcustomer ၏တောင်းဆိုချက်တွေကိုလုပ်ဆောင်ပေးဖို့အတွက် system တစ်ခုတည်ဆောက်ရတာပဲဖြစ်ပါတယ်။


Systemလို့ပြောလိုက်တာနဲ့ လူတိုင်းကစက်ရုပ်ကိုပဲတွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီsystem ဆိုတာက လူတိုင်းကြည့်နေတဲ့ InternetExporerလိုမျိုးHTML နဲ့ browser စတဲ့ Homepage တွေကိုလုပ်ဆောင်တဲ့systemဖြစ်ပါတယ်။ ဆိုလိုတာကကျွန်တော်တို့လုပ်ချင်တအလုပ်အပေါ်မူတည်ပြီး နယ်ပယ်ကျယ်ပြန့်တဲ့ systemတွေအမျိုးမျိုးရှိတယ်ဆိုတာပါပဲ။

အဲ့လို ကွန်ပျူတာ systemတွေကိုလုပ်ဆောင်ပေးတဲ့ SE ရဲ့တာဝန်များကိုအောက်ပါအတိုင်းခွဲခြားထားပါတယ်

ဒီကလုပ်ငန်းစဉ်ရဲ့အဆင့်တိုင်းကို process လို့ခေါ်ပါတယ်
SE ရဲ့တာဝန်များ
(၁)Requirement Analysis
(၂)Design
(၃)Coding
(၄)Release

ဒီကလုပ်ငန်းစဉ်ရဲ့အဆင့်တိုင်းကို process လို့ခေါ်ပါတယ်။

သို့ပေမယ့် process ၏ခွဲခြားပုံကcompany ဒါမှမဟုတ် အဖွဲ့ပေါ်မူတည်ပါတယ်။ ဥပမာ step ဒါမှမဟုတ် phase စသဖြင့်ပေါ့။
ထို့ကြောင့် အဆင့်တစ်ခုချင်း၏ လုပ်ငန်းစဉ်ကိုလွယ်ကူစွာ မိတ်ဆက်ပေးသွားပါမယ်။

နောက်ပိုင်းမှာတော့ လုပ်ငန်းစဉ်၊ လိုအပ်တဲ့ အလုပ်အားနှင့် အဲ့ဒီအရည်အချင်းတွေရရှိနိုင်မယ့် ပညာရေးစတဲ့ ရှူထောင့်တွေကနေ SE ကိုမိတ်ဆက်ပေးသွားမှာပါ။

၁။ တောင်းဆိုချက်များကို လေ့လာဆန်းစစ်ခြင်း( နားထောင်ခြင်း)

customerကို”ဘာလုပ်ချင်တာလဲ?” ” ဘာလုပ်ပေးဖို့လိုတာလဲ?”ကိုသေချာစွာမေးရပါမယ်။ ပြီးတော့ ဘယ်ဟာကို Create လုပ်ရင်ကောင်းမလဲ ဆိုတာကိုရှင်းရှင်းလင်းလင်းဆုံးဖြတ်ဖို့လိုပါတယ်။

ပြီးတော့ system ကိုလုပ်ဆောင်ဖို့အတွက် လူအားဘယ်လောက်လိုအပ်တာလဲ? ဘယ်ဈေနှူန်းနဲ့ရောင်းရင်ကောင်းမလဲစဉ်းစားရပါမယ်။
ဥပမာအနေနဲ့ customerက “Karaoke ဆိုချင်တယ်”လို့ ပြောလာခဲ့ရင် Customer ၏သဘော ဆန္ဒ ကို သေချာနားလည်အောင်” ဘယ်လိုဆိုလို့ရအောင် လုပ်ချင်တာလဲ”လို့သေချာအောင်မေးဖို့လိုပါတယ်။

အကယ်၍ customerကအိမ်မှာဘယ်အချိန်မဆိုအသုံးပြုနိုင်မယ့် karaokeတပ်ဆင်ချင်တယ်လို့ တောင်းဆိုလာခဲ့မယ်ဆိုရင်တော့ ဘေးပတ်ဝန်းကျင်နဲ့ ဆူညံမှူနဲ့ဆိုင်တဲ့ ပြဿနာတွေပေါ်လာနိုင်တဲ့အတွက် မဖြစ်နိုင်ပါဘူး။
သို့ပေမယ့် မြေအောက်ခန်းမှာ အသံလုံကိရိယာတပ်ဆင်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အဲ့လိုဆိုရင်တော့ တစ်ပတ်အတွင်းမှာ လက်သမားဆရာသုံးယောက်နဲ့ တည်ဆောက်လို့ရပါတယ်ဆိုတဲ့ procressရှိလာပါတယ်။

Customerနဲ့ သေချာစကားပြောဆိုပြီး customer ၏တောင်းဆိုချက်ကဘာလဲ? အဲ့တာကိုလုပ်ဆောင်ဖို့ အဆင်ပြေနိုင်မလား? ပြီးတော့ ကိုယ်ကဘာကိုအတိအကျလုပ်ရမှာလဲ? ဆိုတာကို နားလည်အောင်လုပ်ဖို့က SE အလုပ်ရဲ့ ပထမဆုံးအဆင့် ပါပဲ ။
Requirement Analysis အဆင့်မှာဆိုရင်တော့အချက်အလက်တွေစုံစမ်းပြီး customerနဲ့ ခဏခဏ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပြီးcustomer ၏လိုအပ်ချက်တွေကို လွဲချော်မှုမရှိစေပဲ ဆုပ်ကိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။

စုံစမ်းထားတဲ့ရလဒ်နဲ့ တွေ့ဆုံဆွေးနွေးပွဲကနေ ရလာတဲ့အချက်အလက်တွေကိုစုစည်း ပြီး ကိုယ့်အတွေးနဲ့customer ၏အတွေးကှို မလွဲချော်အောင် လုပ်ရပါမယ်။ ခုနတုန်းကလိုမျီုး karaoke ဆောက်ချင်တယ်ဆိုတဲ့ customerတွေထဲမှာ “လူအယောက် ၅ဝလောက်ဆိုနိုင်တဲ့ karaoke ဆောက်ချင်တယ်” ဆိုတဲ့ customerမျိုးရှိနိုင်ပါတယ်။ ကျွန်တော်တို့က ဒါဟာ ဆီလျော်တဲ့ တောင်းဆိုချက်လို့ ထင်ကြပေမယ့် အံ့သြစရာကောင်းလောက်အောင်များတတ်တဲ့ အရာလည်းဖြစ်ပါတယ်။

customerတွေထဲမှာလည်းသူတို့ကိုယ်တိုင်လည်းဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိတဲ့ customer တွေလည်း အများကြီးရှိပါတယ်။ သူတို့ဘာလုပ်ချင်တာလည်းဆိုတာကိုနားလည်အောင်လုပ်ပေးဖို့ကလည်း SEရဲ့အရေးကြီးတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ customerက ပြောတဲ့အတိုင်း အကုန်လုပ်ပေးလို့မရပါဘူး။အဲ့လိုမျိုးcustomer ၏ လိုအပ်ချက်ကိုဖမ်းဆုပ်ရတာဟာဆိုရင်SE၏အခက်ခဲဆုံးအလုပ်ပါပဲ။

၂။ Plan(Design)

customer ရဲ့လိုအပ်ချက်တွေကိုစုစည်းပြီးသွားပြီဆိုရင်တော့ systemရဲ့ဒီဇိုင်းကိုစတင်လုပ်ဆောင်ဖို့အချိန်ရောက်ပါပြီ။
Karaoke အဆောက်အဦးကိုဆောက်လုပ်တော့မယ်ဆိုရင် ဆောက်လုပ်ရမယ့်ပုံစံနဲ့အစီအစဉ် အတိုင်းတစ်ထပ်တည်းကျအောင်ဆက်လက်အကောင်အထည်ဖော်ရတယ်မဟုတ်ဘူးလား?အဲဒါကြောင့် တကယ်လုပ်ရမှာနဲ့ဆွဲထားတဲ့ ဒီဇိုင်းနဲ့က မတူဘူးဆိုရင် တကယ်ဆောက်လုပ်မယ့် လက်သမားဆရာတွေ ဒုက္ခ ရောက်ကုန်မယ်မလား။

System developmentမှာဆိုရင် “computer ကိုဘယ်လိုထိန်းချုပ်မှာလဲ?”, System ကိုဘယ်လိုအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းမှာလဲ? (အစိတ်အပိုင်းဆိုတာကခွဲခြမ်းမှုပေါ်လိုက်၍ module, sub-system စသည်တို့ကိုခေါ်ပါတယ်) စတာတွေကိုဆုံးဖြတ်ရပါမယ်။

ဒီဇိုင်းကိုလက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ အလုပ်ပေါ်မူတည်ပြီးတော့ပဲဖြစ်ဖြစ် လူပေါ်မူတည်ပြီးပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူအစည်းအဝေးခန်းမှာ ဆွေးနွေးတာတို့ ကော်ဖီဆိုင်မှာတစ်ယောက်တည်းစဉ်းစားတာတို့ စတဲ့နည်းလမ်းတွေအများကြီးရှိနေတယ်မဟုတ်လား။


Check our Facebook Page!