【သင်ခန်းစာ ၂】 SE အတွက်လိုအပ်သောအရည်အချင်းများ

mainImg

【သင်ခန်းစာ ၂】 SE အတွက်လိုအပ်သောအရည်အချင်းများ

ရှေ့အပိုင်းမှာတော့”SE ကဘယ်လိုအလုပ်မျိုးလုပ်လဲ”ဆိုတာမိတ်ဆက်ပေးခဲ့ပြီးပါပြီ။
ဒါဆို အဲ့ဒီလိုမျိုး အလုပ်တွေလုပ်ဖို့ SE ကဘယ်လိုအရည်အချင်းတွေကို လိုအပ်တာပါလဲ။
SE အတွက်လိုအပ်တဲ့အရည်အချင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)နည်းပညာဆိုင်ရာစွမ်းအား၊ (၂)လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းနှင့်၊(၃)လူ့စွမ်းအားအရင်းအမြစ် ဖြစ်ပါတယ်
ဒီစာမျက်နှာမှာတော့ဒီစွမ်းအားသုံးမျိုးအကြောင်းရှင်းပြချင်ပါတယ်။

၁။ နည်းပညာဆိုင်ရာစွမ်းအား

နည်းပညာတွေကိုရောင်းချခြင်းကိုလုပ်ရတဲ့ SE ဖြစ်တာကြောင့်နည်းပညာပိုင်းမှာကျွမ်းကျင်ရပါမယ်။
Programming သာမကပဲ အခြေခံတွက်ချက်ခြင်းနှင့် Network ပိုင်းဆိုင်ရာဗဟုသုတsystem plan အတွက်တီထွင်နိုင်စွမ်းအားCustomerရဲ့လိုအပ်ချက်တွေကိုနားလည်ပြီးလိုအပ်တဲ့နည်းပညာထုတ်ကုန်ကိုထုတ်လုပ်နိုင်စွမ်းအားကလည်းပဲ နည်းပညာစွမ်းအားပါပဲ။SE အနေနဲ့လုပ်ဆောင်သွားဖို့ဆိုရင်အမြဲတမ်းလေ့လာသွားဖို့လိုပါတယ်။

၂။ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်း

နောက်ဆက်ရှင်းပြမှာကတော့ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းအကြောင်းပဲဖြစ်ပါတယ် ။
SE ရဲ့အားသာချက်ကတော့သတ်မှတ်ထားတဲ့အချိန်အတွင်းမှာအောင်မြင်စွာလုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့လူတိုင်းနားလည်နိုင်တဲ့ စာရွက်စာတမ်းတွေကိုပြုလုပ်နိုင်စွမ်းအား အချိန်တိုတိုအတွင်း အဓိကအချက်ကိုတင်ပြခြင်း လုပ်ငန်းအချိန်ဇယားကိုစီမံခန့်ခွဲခြင်း အလုပ်ရှုပ်နေပေမယ့်လည်း ကိုယ်ပိုင်အချိန်ရအောင်ယူပြီး အနားယူခြင်း ဒါတွေလည်း အလုပ်စွမ်းအားတွေထဲကတစ်ခုပဲမဟုတ်လား။

၃။ လူ့စွမ်းအားအရင်းအမြစ်

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့လူ့စွမ်းအားအရင်းအမြစ် ပဲဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုတာဘာလဲလို့တွေးမိကြပေမယ့်လို့ ပြောနိုင်တာတစ်ခုကတော့လူ့စွမ်းအားအရင်းအမြစ်ဆိုတာလူသားတစ်ယောက်အနေနဲ့ရင့်ကျက်လာမှူပါပဲ။SEဆိုတာက customer တွေနဲ့ကကြာခဏထိတွေ့ဆက်ဆံရတဲ့အလုပ်ပါ။

ဥပမာ- တခြားလုပ်ငန်းတူမိတ်ဆွေတွေနဲ့ဆက်ဆံရေးပြေပြစ်ရပါမယ်။ဆက်ဆံရေးကောင်းမွန်စွာနဲ့ Customer ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရပါမယ်။customerကိုသင်နဲ့အလုပ်လုပ်ရတာပျော်ရွှင်တယ်လို့ခံစားရအောင်လုပ်ဆောင်ရပါမယ်။ ဒီလိုလူ့စွမ်းအားအရင်းအမြစ်ဟာဆိုရင်လုပ်ငန်းနယ်ပယ်ကိုဖြန့်ကျက်ဖို့အတွက်ရော SE အတွက်ပါအရေးတဲ့လိုအပ်ချက်ဖြစ်ပါတယ်။

နိဂုံး

အပေါ်မှာရှင်းပြထားသလိုပဲSEမှာဆိုရင်နည်းပညာပိုင်းဆိုင်ရာစွမ်းအား၊လုပ်ငန်းပိုင်းဆိုင်ရာစွမ်းအားနှင့်လူ့စွမ်းအားအရင်းအမြစ် တွေလိုအပ်ပါတယ်။အဲ့ဒီအတွက် သတင်းအချက်အလက်ပိုင်းဆိုင်ရာမဟုတ်တဲ့ဘာသာရပ်နှင့် ကျောင်းမှဘွဲ့ရခဲ့သော ဝိဇ္ဇာသမားနှင့် သိပံ္ပသမားတွေလည်း သတင်းအချက်အလက်ပိုင်းဆိုင်ရာ ကျောင်းမှဘွဲ့ရသူတွေနဲ့ ရင်ဘောင်တန်းနိုင်ပါတယ်။

အခုမှအသစ်ဝင်ခါစဝန်ထမ်းတွေနဲ့တခြားသူတွေနဲ့က နည်းနည်းတော့ကွာခြားပေမယ့်လို့သူတို့ရဲ့စွမ်းရည်နဲ့ ညဏ်ကွန့်မြုးမှုအလိုက် SE ပညာရှင်တွေဖြစ်နိုင်ပါတယ်။လွယ်ကူတဲ့ SE ဝင်ခွင့်သင်ခန်းစာပြီးဆုံးပါပြီ။


Check our Facebook Page!