Programming ဆိုတာဘာလဲ
၁။ Input- Process- Output
အောက်မှာပေးထားတဲ့ပုစ္ဆာကို စဉ်းစားကြည့်ပါ။
အမျိုးသား ၅ယောက်၏ အသက်များမှာ၂၂ နှစ်၊၂၁နှစ်၊ ၁၈နှစ်၊ ၁၉နှစ်၊ ၂၀နှစ် အသီးသီးဖြစ်ကြပြီး ထိုသူတို့၏ ပျမ်းမျှအသက်ကိုရှာပါ။
ဒီပုစ္ဆာရဲ့ အဖြေကတော့ အသက်အားလုံးကို ပေါင်းပြီး၅နဲ့စားလိုက်ရင် ရပြီလို့ဖြေကြမှာပါ။ အသေးစိတ်တွက်ကြည့်ရမယ်ဆိုရင်
(၁) ၅ယောက်လုံးရဲ့ အသက်ကိုပေါင်းမယ်
(၂) ပေါင်းလို့ရလာတဲ့ အဖြေကို ၅နဲ့စားမယ်
ကျွန်တော်တို့က ဒီအဆင့်နှစ်ဆင့်နဲ့ တွက်ကြရမှာပါ။
ဒီလိုတွက်နည်းမျိုးနဲ့ ဖြေရှင်းတာကို Algorithm ( ပြသနာဖြေရှင်းနည်း) လို့ခေါ်ပါတယ်။ ကွန်ပြူတာကို ဒီပုစ္ဆာ ဖြေရှင်းခိုင်းချင်တယ်ဆိုရင်တော့ Algorithm ကို Program ဘာသာစကားနဲ့ ရေးပေးရပါမယ်။ ဒီလို Program ဘာသာစကားနဲ့ ရေးထားတဲ့ Algorithm ကို Program လို့ခေါ်ပါတယ်။
ဒါနဲ့ ပုစ္ဆာကို ဒီလိုပေးထားမယ်ဆိုရင်ကော ဘယ်လိုဖြေရှင်းကြမှာလဲ?
လူ၅ယောက်၏ ပျမ်းမျှအသက်ကိုရှာပါ။
ဒီပုစ္ဆာမှာဆိုရင်တော့ သင်က အဖြေရှာနည်းကို သိပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ အသက်ကို မသိလို့တွက်လို့မရပါဘူး။ Algorithm လိုတယ်ဆိုပေမဲ့လည်း data (အချက်အလက်)ကလည်း အရေးကြီးပါတယ်။
၂၀နှစ်၊ ၁၈နှစ် စတဲ့အသက်တွေနဲ့ လူအရေအတွက်က ဒီ program ကတစ်ဆင့်တွက်ထုတ်ဖို့အတွက် လိုအပ်တဲ့ data တွေပါ။ ပြီးတော့ ပျမ်းမျှအသက်ဆိုတာ တွက်ထုတ်လို့ရလာတဲ့ data ပါ။ အဲဒါက Output data (ရလဒ်) ဖြစ်ပါတယ်။
အောက်ပါအချက်အလက်တွေကို သင်နားမလည်ဘူးဆိုရင်တော့ program ကိုအသုံးပြုလို့မရပါဘူး။
(၁) Input data ဆိုတာဘာလဲ?
(၂) Output data ဆိုတာဘာလဲ?
(၃) Algorithm ဆိုတာဘာလဲ?
၂။ တွက်ချက်ခြင်း – သိမ်းဆည်းခြင်း – ဆုံးဖြတ်ခြင်း
ကဲ ဒါဆို ပျမ်းမျှအသက်ရှာပေးနိုင်တဲ့ တစ်ခုတည်ဆောက်ကြရအောင်။
– အသက်တွေကို ပေါင်းမယ်။
– ပေါင်းလို့ရလာတဲ့အဖြေကို လူအရေအတွက်နဲ့ စားမယ်။
ဒီလောက်ပဲဆိုရင်တော့ ကွန်ပြူတာက နားမလည်ပါဘူး။ သူက တွက်ချက်ခြင်း- သိမ်းဆည်းခြင်း- ဆုံးဖြတ်ခြင်း လောက်ပဲနားလည်တဲ့အတွက် ကိန်းဂဏန်းတွေ +, -, = တွေကိုမဖော်ပြလို့မရပါဘူး။
“= “ကကိန်းဂဏန်းတွေနဲ့ data ကိုဆက်သွယ်ပေးပါတယ်။
လူအရေအတွက်ကို ဖော်ပြသောကိန်းဂဏန်းများ
ပြီးတော့ အောက်မှာဖော်ပြထားတဲ့အတိုင်း လုပ်ငန်းစဉ်ကို စတင်ပါတယ်။
num = 5 //လူအရေအတွက် ကိန်းဂဏန်းကို သိမ်းဆည်းတယ်။
sum = 0 // 0ကို ပေါင်းလဒ်အဖြစ်သိမ်းဆည်းတယ်။
sum = sum + 21 // လူ၅ယောက်ရဲ့အသက်ကို ထည့်ပေါင်းမယ်။
sum = sum + 18 //
sum = sum + 22 //
sum = sum + 19 //
sum = sum + 20 //
ave = sum/ num //ရထားတဲ့ပေါင်းလဒ်ကို လူအရေအတွက်နဲ့ စားတယ်။
//ရလာဒ်ကို ပျမ်းမျှကိန်းဂဏန်းထဲမှာ သိမ်းဆည်းတယ်။
၃။ Programming စတိုင်
ကဲ ဒါဆို coding ကိုလက်တွေ့ ရေးကြည့်ကြရအောင်။ Coding ဆိုတာကတော့ Program ကို Program ဘာသာစကားနဲ့ရေးသားခြင်းဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဥပမာက “C”လို့ခေါ်တဲ့ program ဘာသာစကားနဲ့ ရေးထားတာဖြစ်ပါတယ်။
average.c
#include
main()
{
int num;
int sum;
int ave;
num = 5;
sum = 0;
sum = sum + 21;
sum = sum + 18;
sum = sum + 22;
sum = sum + 19;
sum = sum + 20;
ave = sum / num;
printf(“Average age:%d\n”, ave);
}
C ရဲ့ program တွေကို ပုံမှန်အခြေအနေမှာဆိုရင် စာလုံးအသေးနဲ့ပဲ ရေးရပါတယ်။ ပြီးတော့ သင့်တော်တဲ့ တန်ဖိုးရဖို့အတွက် သင့်တော်သလို နေရာချန်ပြီးရေးလို့ရပါတယ်။ ဒါကို free format လို့ခေါ်ပါတယ်။ ဒါပေမယ့် အစဖြစ်လို့ ကြည့်ရလွယ်အောင် အရင်လိုပဲ ရေးတာကောင်းပါတယ်။
၎။ Coding- Compile- Perform
ကွန်ပြူတာကို Program နဲ့လည်ပတ်စေဖို့ဆိုရင် သိသင့်တဲ့အချက် တစ်ချက်ကျန်ပါသေးတယ်။
အဲ့ဒါကတော့ programဘာသာစကား (programming language) ကို စက်ဘာသာစကား (Machine language) အဖြစ် ပြောင်းပေးဖို့ပါ။စက်ဘာသာစကားကတော့ 1နဲ့0 နှစ်မျိုးထဲနဲ့ပဲရေးပါတယ်။ကွန်ပြူတာက စက်ဘာသာစကားပဲ နားလည်တာပါ။
ကွန်ပြူတာထဲမှာ အရမ်းကျွမ်းကျင်တဲ့ စကားပြန်တစ်ယောက်ရှိတယ်။ အဲ့ဒီစကားပြန်က program ဘာသာစကားကနေ စက်ဘာသာစကားကို ဘာသာပြန်ပေးတဲ့ သူ့ကို compiler လို့ခေါ် ပါတယ်။
program ဘာသာစကားမှာတော့ ကွန်ပြူတာကိုအသုံးပြုတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး FORTRAN, COBOL, PASCAL, C စသည်ဖြင့် အမျိုးမျိုးရှိကြတယ်။
Compile စလုပ်ပြီဆိုတာနဲ့ စက်ဘာသာစကား program ကလည်းသူ့အလိုလို အလုပ်လုပ်မှာဖြစ်ပါတယ်။
၁။ Program ၏တည်ဆောက်ပုံ
၁။ အခြေခံ တည်ဆောက်ပုံ
အခုနောက်ပိုင်းမှာတော့ ဆော့ဖ်ဝဲလ်တွေ ပြောင်းလဲတိုးတက်လာတာနှင့်အမျှ လုပ်ငန်းတွေကို ထိန်းသိမ်းဖို့ ဆော့ဖ်ဝဲလ်အသစ်တွေ အများကြီးလိုအပ်လာပါတယ်။ ဆော့ဖ်ဝဲလ်ဆိုတာက ဖတ်ရလွယ်ဖို့နဲ့ စစ်ဆေးရလွယ်ဖို့လိုပါတယ်။ အဲ့ဒီလို ဆော့ဖ်ဝဲလ်တွေက –
Program တွေအားလုံးကို ခြေခံတည်ဆောက်ပုံ သုံးမျိုးဖြစ်တဲ့ အစဉ်လိုက်တည်ဆောက်ခြင်း၊ ရွေးချယ်တည်ဆောက်ခြင်း၊ ထပ်ကာထပ်ကာတည်ဆောက်ခြင်း နဲ့ တည်ဆောက်နိုင်ပါတယ်။
၂။ Program ဒီဇိုင်း
Program တစ်ခုလုပ်ဆောင်ပုံက Input- process – output ကို အစဉ်လိုက်လုပ်ဆောင်ခြင်းပါ။
Coding နဲ့ယှဉ်ရင်တော့ Input မလုပ်ခင်မှာ ကိန်းဂဏာန်းတွေကို အသိပေးဖို့လိုပါတယ်။
၃။ Programming အဆင့်များ
၁။ စိတ်ကူးကို ပုံဖော်ခြင်း
Program ရေးဆွဲတယ်ဆိုတာပြဿနာတစ်ခုခုကို ဖြေရှင်းခိုင်းစေချင်လို့ပါ။ အရင်ဆုံးပြဿနာဖြေရှင်းဖို့ စိတ်ကူးတယ်။ ပြီးတော့ အဲ့ဒီစိတ်ကူးကို ကွန်ပြူတာဖန်သားပြင်ပေါ်တင်လိုက်တာက Program ဆွဲလိုက်တာပါ။
၎။ Program ဒီဇိုင်း
Program တစ်ခုလုပ်ဆောင်ပုံက Input-Process-Output ကို အစဉ်လိုက်လုပ်ဆောင်ခြင်းပါ။
Coding နဲ့ယှဉ်ရင်တော့ Input မလုပ်ခင်မှာ ကိန်းဂဏန်းတွေကိုအသိပေးဖို့လိုပါတယ်။
၅။ Coding – အပြစ်အနာအဆာ (bug) ရှာခြင်း
Coding ဆိုတာက Program ဘာသာစကားကို အသုံးပြုပြီး Program ရေးဆွဲခြင်း ဖြစ်ပါတယ်။ Program အကြောင်း အခုမှစလေ့လာသူတွေက Coding ဟာလည်း Program တစ်ခုလို့ထင်ကြပေမယ့် သူက Program လုပ်ငန်းစဉ်ရဲ့ တစ်စိတ် တစ်ဒေသ
ထက် မပိုပါဘူး။
၆။ Program setting ၏အဆင့်များ
၁။ အဆင့်ဆင့်တိုးတက်လာပုံ
Programs တွေကိုတည်ဆောက်ပြီးတဲ့အခါ program တစ်ခုလုံးရဲ့အသေးစိတ်ကို စဉ်းစားပြီး
တိကျတဲ့ operations တွေကိုဆုံးဖြတ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဥပမာအနေနဲ့ million နဲ့ချီတဲ့ Programs များစွာကိုယူနစ်တစ်ခုချင်းစီ Compile လုပ်ကြည့်ရအောင်။
၇။ Program design ၏အကျိုးကျေးဇူး
Program ကို ဝါသနာပါလို့ ရေးမယ်ဆိုရင် Programကို အခုရေပန်းစားနေတဲ့ Flow Chartနဲ့ Structured Chart ကိုအသုံး ပြု ပြီးရေးကြည့်သင့်ပါတယ်။
Program Chart ကိုအသုံး ပြု ခြင်း ရဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၈။ ယူနစ်ပိုင်းခြားခြင်း
၁။ Module ပြောင်းလဲခြင်း အယူအဆ
Module ပြောင်းလဲခြင်း အယူအဆကို Program မှာတင်မက အခြားနယ်ပယ်များမှာလည်း အသုံးပြုလျက်ရှိပါတယ်။ ဒီပြောင်းလဲခြင်း အယူအဆကိုတော့ လွယ်လွယ်ကူကူပဲ ဖော်ပြပါမယ်။
၉။ Function ခွဲထုတ်ခြင်း
Module Seperation ရဲ့ယေဘုယျနည်းလမ်းကတော့ အဓိက function ကို function ငယ်လေးများအဖြစ်ခွဲထုတ်ခြင်းဖြစ်ပာတယ်။
၁ဝ။ အခြေခံ function ခွဲထုတ်ခြင်း
(၁) အရွယ်အစားတိုင်းတာခြင်း
Module ၏ size က manage လုပ်နိုင်ရမယ့် size ဖြစ်ရမည်။
ပုံမှန်အားဖြင့် program ရဲ့ size က တစ်မျက်နှာစာဖြစ်ပြီးတော့ module ခွဲတဲ့ နေရာမှာ အရမ်း သေးငယ်တဲ့ module ခွဲမယ်ဆိုရင်လည်း function လို့ ခေါ်လို့မရနိုင်ပါဘူး။