၃။ Programming အဆင့်များ
၁။ စိတ်ကူးကို ပုံဖော်ခြင်း
Program ရေးဆွဲတယ်ဆိုတာပြဿနာတစ်ခုခုကို ဖြေရှင်းခိုင်းစေချင်လို့ပါ။ အရင်ဆုံးပြဿနာဖြေရှင်းဖို့ စိတ်ကူးတယ်။ ပြီးတော့ အဲ့ဒီစိတ်ကူးကို ကွန်ပြူတာဖန်သားပြင်ပေါ်တင်လိုက်တာက Program ဆွဲလိုက်တာပါ။ အဲဒီအတွက် ကိုယ့်စိတ်ကူးကို သေချာရေးသားပြီးပြဿနာဖြေရှင်းဖို့လိုအပ်တဲ့အချက်အလက်တွေကို ပြင်ဆင်ဖို့က အရမ်းအရေးကြီးပါတယ်။
Program တစ်ခုကောင်းကောင်း အလုပ်မလုပ်ဘူးဆိုတာမှာ အဓိကအချက်နှစ်ချက်ရှိပါတယ်။
(၁) ပြသနာဖြေရှင်းဖို့အတွက် Function အလုံအလောက် မထည့်သွင်းထားလို့ပါ။
ပြဿနာဖြေရှင်းမယ့် အဆင့်တစ်ဆင့်ချင်းအတွက် ပြင်ဆင်မှုမရှိတာတွေ၊ ပြဿနာဖြေရှင်းဖို့ လိုအပ်တဲ့ function လုံလုံလောက်လောက် မထည့်သွင်းဘဲနဲ့ Program တစ်ခုကိုဒီအတိုင်းထုတ်လုပ်လိုက်တာတွေက အဓိကအကြာင်းအရင်းတွေဖြစ်ပါတယ်။
(၂) Program ထဲကို Function တွေလိုအပ်တာထက်ပိုပြီး ထည့်ပေးလိုက်လို့ပါ။
သတ်မှတ်ထားတဲ့ အတိုင်းအတာထက်ကျော်လွန်အောင် အချက်အလက်တွေ များနေတဲ့အခါ လုပ်ဆောင်ချက်တွေကို နှောင့်နှေးစေပါတယ်။ မလိုအပ်တဲ့ function တွေကိုလုပ်ဆောင်နေပြီး အချိန်တွေကြာသွားတတ်ပါတယ်။ Program ထွက်လာတဲ့အခါမှာလည်း bug တွေဝင်နေဖို့များပါတယ်။ လိုအပ်တာထက်ပိုနေတဲ့ function တွေကအသုံးပြုပုံကိုရှုပ်ထွေးစေပြီး ရည်ရွယ်ချက်မဲ့တဲ့ Program တစ်ခုဖြစ်သွားစေတယ်။
Program ရဲ့အချက်အလက် ကန့်သတ်ချက်က အလွန်အရေးပါတယ်။ ပြဿနာဖြေရှင်းဖို့ စိတ်ကူးကို အခြေခံပြီး Program အတွက်လိုအပ်တာတွေကို ရွေးထုတ်ပြီး လိုအပ်တဲ့အချက်တွေကို လုံလုံလောက်လောက် ထည့်ပေးဖို့ အရေးကြီးပါတယ်။ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ မပြည့်စုံခဲ့တဲ့အတွက် ထွက်လာတဲ့ bugတွေက ပင်မနေရာကနေ Program တစ်ခုလုံးကို ပျံ့နှံ့သွားတာမျိုးတွေလည်းရှိ ပြီး အဲ့ဒီအတွက် အချိန်နဲ့ လုပ်အားတွေကို ပြန်အသုံးချရပါတယ်။