၁။ Program ၏တည်ဆောက်ပုံ
၁။ အခြေခံ တည်ဆောက်ပုံ
အခုနောက်ပိုင်းမှာတော့ ဆော့ဖ်ဝဲလ်တွေ ပြောင်းလဲတိုးတက်လာတာနှင့်အမျှ လုပ်ငန်းတွေကို ထိန်းသိမ်းဖို့ ဆော့ဖ်ဝဲလ်အသစ်တွေ အများကြီးလိုအပ်လာပါတယ်။ ဆော့ဖ်ဝဲလ်ဆိုတာက ဖတ်ရလွယ်ဖို့နဲ့ စစ်ဆေးရလွယ်ဖို့လိုပါတယ်။ အဲ့ဒီလို ဆော့ဖ်ဝဲလ်တွေက –
Program တွေအားလုံးကို ခြေခံတည်ဆောက်ပုံ သုံးမျိုးဖြစ်တဲ့ အစဉ်လိုက်တည်ဆောက်ခြင်း၊ ရွေးချယ်တည်ဆောက်ခြင်း၊ ထပ်ကာထပ်ကာတည်ဆောက်ခြင်း နဲ့ တည်ဆောက်နိုင်ပါတယ်။
အခြေခံတည်ဆောက်ပုံ သုံးမျိုးကတော့
(၁) အစဉ်လိုက်တည်ဆောက်ခြင်း
လုပ်ငန်းစဉ်တွေကို အထက်ကနေအောက် အစဉ်လိုက် ဆောင်ရွက်ပါတယ်။
(၂) ရွေးချယ်တည်ဆောက်ခြင်း
အခြေအနေအရ လုပ်ငန်းစဉ်တွေကို ရွေးချယ်လုပ်ဆောင်တယ်။ ကြော်ငြာတာမျိုးလည်း လုပ်ပေးတယ်။ ပြီးတော့ လုပ်ငန်းစဉ်တစ်မျိုးတည်းကို ဇောက်ချလုပ်ဆောင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
(၃) ထပ်ကာထပ်ကာ တည်ဆောက်ခြင်း
လုပ်ငန်းစဉ်များကို ထပ်ခာတလဲလဲ ဆောင်ရွက်ပါတယ်။ အပြီးသတ်ဆုံးဖြတ်ခြင်းကို လုပ်ဆောင်ချက်မစတင်မီနှင့် လုပ်ဆောင်ချက်ပြီးမှ ဆောင်ရွက်ခြင်းလည်းရှိသည်။
ဒီအခြခံအချက် သုံးချက်ကို ပေါင်းစပ်ပြီး Program တစ်ခုကောင်းကောင်းဆွဲနိုင်ပါတယ်။ “C” ဘာသာစကားကလည်း အခြေခံတည်ဆောက်ပုံတွေက တစ်ဆင့် program တစ်ခုရေးနိုင်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။
အစီအစဉ်ရေးဆွဲဖို့အတွက် အရင်ကတည်းက Flow chart (ရေးဆွဲပုံ)ရှိပြီး အခုထိလည်း တစ်စိတ်တစ်ပိုင်းတော့ အသုံးပြုနေကြပါတယ်။ဒါပေမယ့် Flow chart နဲ့ဆွဲထားတဲ့ အစီအစဉ်တွေက ရှုပ်ထွေးကုန်ပြီး data နဲ့လုပ်ဆောင်ချက် မချိတ်မိတာတွေ၊ algorithm ကနားမလည်တာတွေ စတဲ့ အားနည်းချက်တွေ အများကြီးရှိပါတယ်။
ဒါ့ကြောင့် Flow chart အစား ဖော်ပြချက်များ(တည်ဆောက်ပုံဇယား)က နိုင်ငံတကာမှာ ခေတ်စားလာခဲ့ပါတယ်။ တကယ်တမ်းကျတော့ နှစ်မျိုးစလုံးက Program ရေးဆွဲရလွယ်ကူစေပါတယ်။