Program design ၏အကျိုးကျေးဇူး

၇။ Program design ၏အကျိုးကျေးဇူး

Program ကို ဝါသနာပါလို့ ရေးမယ်ဆိုရင် Programကို အခုရေပန်းစားနေတဲ့ Flow Chartနဲ့ Structured Chart ကိုအသုံး ပြု ပြီးရေးကြည့်သင့်ပါတယ်။
Program Chart ကိုအသုံး ပြု ခြင်း ရဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ပြီးပြည့်စုံတဲ့ Program တစ်ခု ကိုလျင်လျင်မြန်မြန်နှင့်လက်တွေ့ကျကျဖန်တီး နိုင်ခြင်း။

Codingကို Designလုပ်ရင်းနဲ့ရေးမဲ့အစား Designကို အရင်လုပ်ခြင်းအားဖြင့် Program View ကို သိရှိနိုင်ပြီး Codingကို လက်တွေ့ ကျကျမှန်မှန်ကန်ကန်ရေးသားနိုင်မှာပါ၊

(၂) Design မှာဆွဲထားတဲ့ပုံတွေက Design document အဖြစ်ကျန်၇ိုနေခြင်း

Design မှာဆွဲထားတဲ့ပုံတွေကတော့ Design document အဖြစ်ကျန်၇ိုနေ မှာဖြစ်ပြီး ထို အချက်အလက်အသေးစိတ်များကတော့ Debugging နဲ့ Program ကို ထိန်းသိမ်းပြု ပြင်ခြင်းတွေမှာ အသုံးဝင်ပါတယ်။

(၃) Programming Language ကိုမသိပေမဲ့လည်း Design ကိုဆက်လက်လုပ်ဆောင်နိုင်ခြင်း

Program ပုံတွေ ရေးဆွဲရာ မှာ ဘယ် Language ရယ်လို့မမှီခိုပါဘူး။ Detailed Design Specification အဆင့်မှာဆိုရင် ဘယ် Language ဆိုတာနဲ့မဆိုင်ဘဲ logic ကိုပဲအဓိကရေးသားရမှာဖြစ်ပါတယ်။

(၄) Coding error နှင့် Logical error တွေ၇ဲ့အသေးစိတ်ကိုခွဲခြားသတ်မှတ်နိုင်ပါတယ်။

Program ပုံတွေမှာအသေးစိတ် Design တွေ၇ှိမယ်ဆို၇င် Error တွေကိုအလွယ်တကူခွဲခြားနိုင်ပါတယ်။


Check our Facebook Page!