၎။ Program ဒီဇိုင်း
Program တစ်ခုလုပ်ဆောင်ပုံက Input-Process-Output ကို အစဉ်လိုက်လုပ်ဆောင်ခြင်းပါ။
Coding နဲ့ယှဉ်ရင်တော့ Input မလုပ်ခင်မှာ ကိန်းဂဏန်းတွေကိုအသိပေးဖို့လိုပါတယ်။
အရင်ဆုံး မေးခွန်းထဲကနေ
● ပေးချက် (input)
● အဖြေ (output)
● တွက်ပုံတွက်နည်း (algorithm)
ပြီးတော့ အပေါ်မှာဖော်ပြထားတာတွေထဲကနေ
● Input data ဖြစ်တဲ့ ကိန်းဂဏန်း
● Output data ဖြစ်တဲ့ ကိန်းဂဏန်း
● “အခြား ကိန်းဂဏန်း” တွေကိုရှာလိုက်ပါ။
“အခြား ကိန်းဂဏန်း” တွေကိုတော့ အောက်ပါအတိုင်း သတ်မှတ်နိုင်ပါတယ်။
● Algorithm အတွက် လိုအပ်တဲ့ကိန်းဏန်းတွေကို ရွေးထုတ်မယ်။
● Input/Output data အတွက်မလိုအပ်တဲ့ ကိန်းဂဏန်းတွေကို ဖယ်ထုတ်မယ်။
● ဖယ်ထုတ်ပြီး ကျန်ခဲ့တာကတော့ “အခြားကိန်းဂဏန်း” တွေပဲဖြစ်ပါတယ်။
သင့်တော်တဲ့ နေရာလွတ် ချန်ထားရမယ်။
ဒီလိုမျိုး အစဉ်လိုက်လုပ်ဆောင်မှူကနေ တစ်ဆင့်ချင်းစီရဲ့ ကိန်းဂဏန်းတွေကို တွေ့မြင်နိုင်ပါတယ်။တွေ့မြင်လာရတဲ့ ကိန်းဂဏန်း
တွေကလည်း အသုံးပြုနည်းကို ထင်ရှားစေပြီး ကိန်းဂဏန်း
ကို ကိုက်ညီတဲ့ နာမည်တစ်ခု ပေးထားဖို့တော့ လိုပါတယ်။ အထူးသဖြင့် “အခြားကိန်းဂဏန်း”တွေက
●လုပ်ငန်းနယ်ပယ်ထဲမှာ အသုံးပြုနေလား?
●ဆန့်ကျင်တုံ့ပြန်ချက်အဖြစ် အသုံးပြုနေလား?
●အစီအစဉ်အညွှန်းအဖြစ် အသုံးပြုနေလား? ဆိုတဲ့အချက်တွေကိုတော့ သိထားသင့်ပါတယ်။
ပြီးတော့ ကိန်းဂဏန်းနာမည်၊ အသုံးပြုတဲ့ ရည်ရွယ်ချက် စတာတွေကို အကျဉ်းချုပ်ဖော်ပြပေးရင်တော့ ပိုကောင်းပါတယ်။
Program ဆိုတာ Computer ပေါ်မှာဖော်ပြဖို့ အတွက် လိုအပ်သောအလုပ်တွေကို အစဉ်လိုက် ရေးသားထားတာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ကွန်ပျူတာမှာ အဆုံးသတ်တာကို ဖော်ပြတယ် ဆိုတဲ့အကြောင်းရာတွေကို Program မှာရေးပေးဖို့ လိုအပ်ပါတယ်။ဒါပေမယ့် Program တစ်ခုရဲ့အရည်အသွေးက အဆင့်ဆင့်ဘာတွေကိုလုပ်ဆောင်မယ်ဆိုတဲ့
လုပ်ငန်းစဉ် တွေနဲ့ ပဲသတ်ဆိုင်ပါတယ်။ အသုံးပြုတဲ့ကွန်ပျူတာတွေ ဘာသာစကားတွေနဲ့ တော့ မသတ်ဆိုင်ပါဘူး။ ကွန်ပျူတာကို “နောက်ဆုံးမှာ ဘယ်အလုပ်ကိုမဆို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ အမိန့်နာခံရင်း ဆောင်ရွက်နိုင် ဖို့ပဲဖြစ်တယ်” ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
လိုအပ်တဲ့ အလုပ်တွေနဲ့  သင့်တော်တဲ့ အမိန့်တွေကို ရွေးချယ် ဖို့ဆိုတာကတော့ ခက်ခဲတဲ့ကိစ္စတစ်ခုပါ။
အလုပ်တစ်ခုရဲ့ quality ကောင်းဖို့ စဉ်းစားမယ်ဆိုရင်တော့ အလုပ်တွေလုပ်ဆောင်ရမယ့် အစီအစဉ်နဲ့  program ရဲ့တည်ဆောက်ပုံကိုခွဲခြမ်း စဉ်းစားဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။
လုပ်ငန်းစဉ်တွေကို ယေဘုယျအားဖြင့် ခွဲခြားကြည့်မယ်ဆိုရင်တော့ အစဉ်လိုက်တည်ဆောက်ခြင်း ရွေးချယ်တည်ဆောက်ခြင်း ထပ်ကာထပ်ကာတည်ဆောက်ခြင်း ဆိုတဲ့ အခြေခံအချက်သုံးချက်နဲ့တည်ဆောက်ထားတာကို တွေ့ရမှာပါ။ ဘယ်လောက်ပဲ ရှုပ်ထွေးတဲ့ အလုပ်ဖြစ်ဖြစ် ဒီအချက် သုံးချက်နဲ့ပဲ ဖြေရှင်းပါတယ်။ ဒါကြောင့် ဒီအရည်အသွေးကို အသုံးပြုပြီး Program တစ်ခုတည်ဆောက်နိုင်ပါတယ်။