[သင်ခန်းစာ ၁၄] Handle exception
ဒီ သင်ခန်းစာမှာတော့ exception handling အကြောင်းကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Precondition တွေကတော့multiple classes တွေကိုအသုံးပြုထားတဲ့ exercises ရှိရမယ်။
(တကယ်လို့  mulyiple classes ကိုသုံးပြီး exercise လုပ်တာကို မမှတ်မိတော့ရင် သင်ခန်းစာ 10 ရဲ့ Deal with multiple classကိုမှာပြန်လေ့လာနိုင်ပါတယ်)
“Exception” ဆိုတာဘာလဲ?
Exception ဆိုတာ JAVA programming နဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာကို သိလာ:?
Computer မှာအလုပ်အများစုကို “input”,”process” and “output”ဆိုတဲ့ အလုပ်တွေနဲ့ ဖွဲ့ စည်းထားတယ်ဆိုတာ အရင်ပြီးခဲ့တဲ့ သင်ခန်းစာတွေမှာ အများကြီးလေ့လာပြီးပါပြီ။
ဥပမာအားဖြင့် 65,536/4,096 ဆိုတဲ့ division processကိုတွက်ကြည့်ရအောင်။
ဒီ division ပုစ္ဆာမှာဆိုရင် “input”,”process” နှင့် “output” တွေကိုအောက်မှာရှင်းပြထားပါတယ်။
Input : 65536 and 4096(calculation လုပ်ဖို့ အတွက် values တွေလိုအပ်ပါတယ်)
Processing: Division.
Output: 16 (16 ကcalculation ရဲ့အဖြေဖြစ်ပါတယ်).
Computer ရဲ့အဆင်ပြေတဲ့အချက်ကတော့ user က input ကိုပြောင်းခြင်းအားဖြင့် အဖြေကိုအချိန်တိုတိုအတွင်းမှာ ရရှိနိုင်ပါတယ်။
Processing ပြုလုပ်တဲ့ အပိုင်းကကြည့်မယ်ဆိုရင် user ရဲ့ input တွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဥပမာ
123/0 (zero နဲ့ စားလို့ မရပါဘူး)
456/ abc (input ကကိန်းဂဏန်း မဟုတ်ဘဲ character ဖြစ်နေပါတယ်)
ကဲ မင်းဘာလုပ်မလဲ? အခုနေရာကစပြီး program ကိုဘယ်လိုရေးရမလဲဆိုတာ စဉ်းစားကြည့်ရအောင်။
ပထမဆုံးအနေနဲ့  သင်ခန်းစာ အစမှာရှင်းပြခဲ့တဲ့ division ဥပမာကိုသုံးပြီး program တစ်ပုဒ်ရေးကြရအောင်။
“input”ဆိုတာ argument တစ်ခု “processing” ဆိုတာ method ဖြစ်ပြီး “output” ဆိုတာ method ရဲ့ return value နဲ့ တူညီတယ်ဆိုတာကို နားလည်တယ်လို့ ထင်ပါတယ်။
အရိုးရှင်းဆုံးအနေနဲ့ ပြောရရင် division program ရဲ့ argument နှင့် return value ဧ။်type ကို interger (int type) လို့ သတ်မှတ်လိုက်ရင်အဆင်ပြေပါပြီ။
DivisionProcess program (List 1) ထဲမှာ divide method ကိုတည်ဆောက်မယ်။ divide method ထဲမှာ command-line က ရရှိလာတဲ့ input argument ကိုတွက်ပြီး အဖြေကို ပြသပေးပါမယ်။
“args”ကို အသုံးပြုတာ အခုက ပထမဆုံးဖြစ်ပါတယ်။ args ဆိုတာ main method ရဲ့ argument ဖြစ်ပါတယ်။ ဒီအကြောင်းကို main subject ရဲ့သင်ခန်းစာမှာရှင်းပြပြီးသွားပြီဖြစ်ပါတယ်။
List 1 – DivisionProcess.java
public class DivisionProcess
{
//A method to return the result that x divide by y
public int divide(int x, int y)
{
int answer = x / y;
return answer;
}
}
List 2 – DivisionTest.java
public class DivisionTest
{
public static void main(String[] args)
{
int x; //dividents
int y; //divisors
int answer; // answer
//convert argument into numerical value
x = Integer.parseInt(args[0]);
y = Integer.parseInt(args[1]);
//carry out division
DivisionProcess divisionProcess = new DivisionProcess();
answer = divisionProcess.divide(x, y);
//display result
System.out.println(x + ” / ” + y + ” = ” + answer);
}
}
ဒီ program ကို compile လုပ်ပြီး ရှေ့ ဆက်ကြရအောင်။
အဖြေကို တိတိကျကျဖော်ပြထားပါတယ်။
ကဲ program input ကို နောက်တစ်နည်းပြောင်းပြီး တွက်ချက်ကြည့်ရအောင်။
123/0 ဆိုတဲ့ input value နဲ့ တွက်ချက်ကြည့်ရအောင်။
ကျွန်တော်တို့ နားမလည်တဲ့message တွေကိုမြင်ရပါလိမ့်မယ်။ဒါ့အပြင် input value 456/ abc နဲ့ တွက်ချက်ကြည့်ရအောင်။
program ကနေမတူညီတဲ့ message ကိုပြပေးမှာပါ။ ကျွန်တော်တို့ ရဲ့program မှာ ဒီလို message ကိုမလိုချင်ပါဘူး။
JAVA ကနေ ဒီ message တွေကို “exceptions”အနေနဲ့ ပြပေးခြင်းဘဲဖြစ်ပါတယ်။
မင်းက exceptions message ကို သေသေချာချာနားမလည်ဘူးဆိုရင် “error” လို့ စဉ်းစားနိုင်ပါတယ်။
123/0 ကိုတွက်ချက်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့ exception message ကိုမြင်ရမှာပါ။
“java.lang.ArithmeticException: / by zero”.
JAVA က ပိုင်းခြေ 0 နဲ့  စားလို့ မရဘူးဆိုတဲ့ဆိုတဲ့ error ကို ပြပါလိမ့်မယ်။
ဒါ့အပြင် 456/ abc ဆိုတဲ့ input values ကိုတွက်ချက်တဲ့အခါ အောက်မှာပြထားတဲ့အတိုင်း “exception message” ကိုတွေရမှာပါ။
“java.lang.NumberFormatException: abc”
ဒီ problem ကဘယ်မှာဖြစ်တာလဲဆိုရင် main method ရဲ့ နောက်တစ်လိုင်းမှာ input value တန်ဖိုးကို character ကနေ numerical တန်ဖိုးပြောင်းတဲ့နေရာမှာဖြစ်ပါတယ်။
y = Integer.parseInt(args[1]);
ဒီ Integer.parseInt method က “456” ကို numerical value အနေနဲ့ ပြောင်းနိုင်ပေမဲ့ “abc” ဆိုတဲ့ တန်ဖိုးကို numerical value အဖြစ်မပြောင်းနိုင်ပါဘူး။
Program က argument တွေကိုလက်ခံရရှိတဲ့အခါမှာ အမျိုးမျိုးသော processing တွေကိုပြုလုပ်တယ်။ user ပေးတဲ့ argument တွေက ကျွန်တော်တို့ ခန့် မှန်းမထားတဲ့ argument တွေလည်းပါလာနိုင်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်မထားတဲ့ error message တွေကိုလည်းတွေ့ နိုင်ပါတယ်။ JAVA မှာ ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုပြုလုပ်ကြမလဲ။
ကျွန်တော်တို့ မျှော်လင့်မထားတဲ့reason တွေကိုကောင်းကောင်းနည်းမလည်တဲ့message တွေကိုမြင်ရတာအဆင်မပြေပါဘူး။ Java မှာ error မဖြစ်အောင်
ကျွန်တော်တို့ ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်မလဲ။
user ရဲ့input ကို စစ်ဆေးလိုက်တယ်ဆိုရင် အဆင်ပြေသွားပါပြီ။
Divisor ကzero ဖြစ်တဲ့အချိန်မှာ ပိုပြီးရှင်းလင်းတဲ့ error ကိုပြနိုင်ဖို့  program ကို ပြင်လိုက်ကြရအောင်။
List 3 – DivisionTest.java
public class DivisionTest
{
public static void main(String[] args)
{
int x; //divident
int y; //divisor
int answer; // answer
//convert argument into numerical value
x = Integer.parseInt(args[0]);
y = Integer.parseInt(args[1]);
if(y == 0)
{
System.out.println(” error: cannot divide by 0! “);
return;
}
//carry out division
DivisionProcess divisionProcess = new DivisionProcess();
answer = divisionProcess.divide(x, y);
//display result
System.out.println(x + ” / ” + y + ” = ” + answer);
}
}
List 3 ကိုcompile လုပ်ပါ။ မကြာခင်က calculate လုပ်ထားတဲ့123/0 ကိုပြန်တွက်ချက်ကြည့်ရအောင်။
အခုဆိုရင်ကျွန်တော်တို့ ပြင်ဆင်ထားတဲ့အတိုင်း error message ကိုမြင်ရပါလိမ့်မယ်။
တကယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ character string ကသာ 456/ abc ဖြစ်မယ်ဆိုရင် ဒါမှမဟုတ် argument တစ်ခုဘဲပေးမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ?
ကျွန်တော်တို့ က judgment sentence ကို အမြဲတမ်းမဖြစ်မနေထည့်ပေးရပါမယ်။
အဲဒီလိုနည်းလမ်းနဲ့ အမျိုးမျိုးသောအခြေအနေတွေကိုသင့်တော်သလို judgment sentence ထည့်ပြီး program ကို ရေးမယ်ဆိုရင် ခက်ခဲပါတယ်။ တကယ်လို့ ကျွန်တော်တို့ ဟာ ကိုယ့် program ကို ကိုယ့်ဘာသာအသုံးပြုမယ်ဆိုရင်တော့ ဒီအချက်တွေကို ချန်ထားခဲ့လို့ ရပါတယ်။ ဒါပေမဲ့ program က လူအများအသုံးပြုဖို့ အတွက် ရည်ရွယ်တဲ့product ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ program တစ်ပုဒ်ကိုရေးတဲ့အခါ အခြေအနေအားလုံးနဲ့ အဆင်ပြေအောင်ရေးနိုင်ရပါမယ်။
ဒီexample မှာဆိုရင် ကျွန်တော်တို့တကယ် computer ကိုအလုပ်လုပ်စေချင်တာက divide method တစ်ခုတည်းပါ။ဒါပေမဲ့ divide method ထက်ပိုပြီး error processing အကြောင်းကို အများကြီးရေးရပါတယ်။
တကယ်လို့အပေါ်မှာဖော်ပြခဲ့သလို error case နှစ်ခုဘဲဆိုရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ abnormality system တစ်ခုကိုစဉ်းစားကြည့်မယ်ဆိုရင်တော့ error တွေက အကန့် အသတ်မရှိပါဘူး။
ဒီနေရာမှာ exception process ဖြစ်ပေါ်လာမယ်။ ကျွန်တော်တို့ အပေါ်မှာ မြင်တွေ့ ခဲ့ရတဲ့ error ကို exception လို့ ပါတယ်။
JAVA က ပိုင်းခြေကို 0 နှင့်စားခြင်း ဒါမှမဟုတ် abc ကို ကိန်းဂဏန်း တန်ဖိုးကို ပြောင်းတဲ့အခါမှာ “exception” ကို generate လုပ်ပေးပါတယ်။Exception အမျိုးစားတွေ အများကြီးရှိပါတယ်။ Exception အမျိုးအစားတွေအရ ကျွန်တော်တို့ က ပုံမှန်မဟုတ်အကြောင်းအရာတွေကို သိနိုင်ပါတယ်။
တကယ်လို့ program ထဲမှာ exception ကို catch မလုပ်ထားဘူးဆိုရင် JAVA က ဘယ်လိုလုပ်ရမလဲဆိုတာနားလည်မှာမဟုတ်ပါဘူး။ပြီးတော့ ဥပမာ List 1 မှာ ဖော်ပြထားတဲ့အတိုင်း exception message ကို display လုပ်မှာဖြစ်ပြီး program ကို stop လုပ်မှာဖြစ်ပါတယ်။
အောက်ဖော်ပြပါ list ကတော့ exception ရဲ့small examples ကို JAVA ဖြင့်ပြင်ဆင်ထားခြင်းဘဲဖြစ်ပါတယ်။ Exception မှာအမျိုးအစားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ မကြာခဏအသုံးပြုလေ့ရှိတဲ့ exception တွေကိုကန့်သက်ချက်တွေရှိပါတယ်။
လိုအပ်ချက်တွေအပေါ်မူတည်ပြီးလေ့လာမယ်ဆိုရင်ထိရောက်မူပိုရှိနိင်ပါတယ်။
<Exception အကြောင်းအရာများ>
ArithmeticException : ပိုင်းဝေကို သုညနဲ့ စားတဲ့အချိန်မှာ
NumberFormatException: character string ကို number အဖြစ်သို့ ပြောင်းလို့ မရတဲ့အခြေအနေမှာ
ArrayIndexOutOfBoundsException: sequence ထက်ကျော်ပြီးလက်ခံတဲ့အချိန်မှာ
ပထမဆုံးအနေနဲ့ List 3 ကို exception processing နဲ့ အသစ်ပြန်ရေးကြရအောင်
List 4 – DivisionTest.java
public class DivisionTest
{
public static void main(String[] args)
{
int x; //dividents
int y; //divisor
int answer; // answer
try
{
//convert argument into numerical value
x = Integer.parseInt(args[0]);
y = Integer.parseInt(args[1]);
//carry out division
DivisionProcess divisionProcess = new DivisionProcess();
answer = divisionProcess.divide(x, y);
}
catch (NumberFormatException ex)
{
//Processing when the character string that was not numerical value
System.out.println(” error: It is not numerical value! “);
return;
}
catch (ArithmeticException ex)
{
//Processing when we were going to divide it by zero
System.out.println(” error: cannot divide by 0! “);
return;
}
catch (ArrayIndexOutOfBoundsException ex)
{
//Processing when argument was not enough
System.out.println(” error: An argument is insufficient! “);
return;
}
//display result
System.out.println(x + ” / ” + y + ” = ” + answer);
}
}
ဒီ program ထဲမှာ နောက်တစ်ပိုင်းကတော့ exception processing ၏ အရေးကြီးသော point ဖြစ်ပါတယ်။
Try{} ထဲမှာ exception တစ်ခုကို produce လုပ်နိုင်တဲ့process ကိုဖော်ပြထားပါတယ်။
Catch() ရဲ့အစိတ်အပိုင်းတစ်ခု အပေါ်မှာ exception ရဲ့ processing ဖြစ်တာကိုဖော်ပြထားပါတယ်။
try
{
…
}
catch (…)
{
…
}
List 3 ၏ try sentence မှာ character string မှ numerical value ကိုပြောင်းတဲ့ process နှင့် divide method ကို အသုံးပြုတဲ့ process ကို ရေးထားပါတယ်။
Exception အမျိုးအစားတစ်ခုစီအတွက် catch sentence ထဲမှာ ရေးထားတဲ့ exception တွေဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ
* input argument က numerical value မဟုတ်ဘဲ character string ဖြစ်တဲ့အခါ
* ပိုင်းဝေတန်ဖိုးကို သုည နဲ့ စားတဲ့အခါ
* Input argument ကမလုံလောက်တဲ့အခါ
ဒီ exception သုံးခုကိုတော့နားလည်သဘောပေါက်သွားပြီလို့ ထင်ပါတယ်။
တကယ်လို့ နောက်ထပ် exception တွေသာ ထပ်ရှိမယ်ဆိုရင် ကျွန်တော်တို့  catch sentences ထဲမှာ ထပ်တိုးပြီးထည့်သင့်ပါတယ်။
ဒီနည်းအားဖြင့် exception processing တစ်ခုကိုသတ်မှတ်ခြင်း နှင့် process တွေရဲ့ main subject တွေကိုဖော်ပြဖို့ ရန် ပိုင်းခြားနိုင်ပါတယ်။ ဒီလိုစဉ်းစားနည်းက Java language တစ်ခုလုံးမှာအသုံးပြုပါတယ်။
ပထမဆုံး try(try) , အကယ်လို့ မင်းက မ try နိုင်တော့ဘူးဆိုရင် မင်းစဉ်းစားပါ(catch)
ကဲဒီသင်ခန်းစာကိုအနှစ်ချုပ်ကြရအောင်
အနှစ်ချုပ်
၁. Error processing တွေက ခက်ခဲပါတယ်။
၂. Exception ကိုသုံးပြီး error processing တွေကို smart ကျကျရေးနိုင်ပါတယ်
၃. Exception handling တွေအတွက် try catch ကိုသုံးပါ။
အခုအချိန်မှာ မင်းက အဖြစ်မနေလိုအပ်တဲ exception အစိတ်အပိုင်းလေးကိုဘဲလေ့လာတာပါ။ ကျွန်တော် အကုန်လုံးကိုမရှင်းပြနိုင်ပါဘူး ဘာဖြစ်လို့ လဲဆိုရင် exception တွေကို လေ့လာဖို့ ကအများကြီးရှိလို့ ပါ။
Exception တွေကို ဘယ်လိုအသုံးပြုလုပ်ရမလဲဆိုတာ နောက်ထပ်တစ်ဆင့်အနေနဲ့နက်နက်နဲနဲလေ့လာကြပါစို့ ။
ဆက်ရန် => (သင်ခန်းစာ ၁၅ : Input libraries တွေကို သုံးခြင်း။)