[သင်ခန်းစာ – ၆] – တွက်ချက်တဲ့ program ရေးပြီး အဖြေကို output ထုတ်ကြည့်မယ်။
ပြီးခဲ့တဲ့သင်ခန်းစာနဲ့ ပတ်သက်လို့ စကားလုံးအသစ်တွေ အများကြီး သိခဲ့ပါတယ်။ သေချာနားလည်ခဲ့ပါသလား။ ဒီသင်ခန်းစာမှာတော့ ပြီးခဲ့တဲ့ သင်ခန်းစာတုန်းက သိခဲ့တဲ့ စကားလုံးတွေကို ပြန်သုံးမှာဖြစ်တဲ့ အတွက်ကြောင့် မေ့သွားခဲ့ရင် သင်ခန်းစာ ၅ ကိုပိုနားလည်အောင်လို့ ပြန်လေ့လာစေလိုပါတယ်။
ကြိုတင်လေ့လာရန်။ သင်ခန်းစာ အစကနေ ပြီးခဲ့တဲ့ သင်ခန်းစာအထိကို နားလည်အောင်ဖတ်ပါ။ Variable, Type အစရှိတဲ့ keyword တွေကို နားလည်အောင်လုပ်ပါ။
အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ program ပုစ္ဆာကို စလိုက်ရအောင်။
ပုစ္ဆာက နံပါတ် ၆ နဲ့ ၃ရဲ့ ပေါင်း၊ နှုတ်၊ မြှောက်၊ စား လုပ်လို့ရတဲ့အဖြေကို output ပြပါ။
အရင်ဆုံး ကိုယ့်ဟာကို စမ်းပြီးတော့ ရအောင်ကြိုးစားပြီး ဒီပုစ္ဆာအတွက် program ကို ရေးကြည့်ပါ။
Program မရေးခင် program ထဲမှာ သုံးတဲ့ လက္ခဏာပုံစံတွေကို သိဖို့လိုပါတယ်။
လက္ခဏာအသုံးပြုပုံကို အောက်က ဇယားကွက်ထဲမှာ ဖော်ပြထားပါတယ်။
ပေါင်း |
+ |
နှုတ် |
– |
မြှောက် |
* |
စား |
/ |
Program ကို စမ်းပြီး စရေးကြည့်လို့ ရပါပြီ။
Program ကို စမ်းရေးကြည့်ပြီးပြီလား။
ဒီ ပုစ္ဆာကို ရေးနိုင်တဲ့ လူတွေရှိသလို မရေးနိုင်ကြသေးတဲ့ လူတွေလဲ ရှိမှာပါ။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ကိုယ့်ဟာကို စဉ်းစားပြီး ရေးကြည့်ဖို့ပါပဲ။
public class Calculate
{
public static void main(String[] args)
{
System.out.println(6 + 3);
System.out.println(6 – 3);
System.out.println(6* 3);
System.out.println(6 / 3);
}
}
(၁)Example1 အဖြေ
Output ကိုတော့ အောက်မှာရှိတဲ့ command prompt မှာ ရှိတဲ့ အတိုင်း မြင်ရမှာပါ။
ရိုးရိုးရှင်းရှင်းနဲ့ ရေးထားတဲ့ program ပါ။
ဒီ program ကို လုပ်နိုင်မယ်လို့ ထင်ခဲ့ရင် ဒါမှမဟုတ် ကိုယ်တိုင် ရေးနိုင်ခဲ့တယ်ဆိုရင်တော့ တော်တယ်လို့ သတ်မှတ်ရမှာပေါ့။
အရင် သင်ခန်းစာမှာ သိခဲ့တဲ့ “variable” ဒါမှမဟုတ် “type” ကို သုံးမယ်ပြောပြီး ရှာနေကြမယ် ထင်ပါတယ်။ တကယ်တော့ “variable”
ရော “type” ရော မပါပဲရေးထားတဲ့ program ရိုးရိုးလေးပါ။
ထူးဆန်းတာ တစ်ခုကတော့ ဒီပုစ္ဆာကို ဒီလိုမျိုး ရိုးရိုးရှင်းရှင်း println ကို သုံးထားတဲ့ ပုံစံနဲ့ ရေးလို့ ရပါလားဆိုတဲ့ thinking ပါပဲ။
အရေးကြီးတဲ့ အချက်ကတော့ ကိုယ်သုံးခဲ့ဖူးတဲ့ ပုံစံကို မှတ်ထားပြီး နောက်တစ်ခြား program ထဲမှာလဲ ထည့်သုံးလို့ ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးရှိဖို့ လိုပါတယ်။
တခါတလေ လိုအပ်ချက်တွေ ရှိနေနိုင်ပေမယ့် အကျိုးအကြောင်း ဆီလျှော်အောင် တွေးနိုင်ဖို့ အရေးကြီးပါတယ်။
Output ပြနိုင်ဖို့အတွက် println ရဲ့ ကွင်းစ ကွင်းပိတ် “()” ထဲမှာ ရိုးရိုးတန်းတန်း ရေးလို့ရတယ်ဆိုတာ မမှားဘူးဆိုပေမယ့် coding တစ်ကြောင်းထဲမှာ အားလုံးစုပြုံရေးပြီး ထည့်ထားရပါတယ်။
အောက်မှာရှိတဲ့ example ကို ကြည့်ကြည့်ပါ။
System.out.println(6+3);
အဲဒီ example ဘယ်လို အလုပ်လုပ်လဲဆိုတာကို အောက်မှာ ရှင်းထားပါတယ်။
(၁) variable ကြော်ငြာခြင်း
(၂) variable ထဲကို 6+3 ရဲ့ result ကိုသိမ်းခြင်း
(၃) println ကိုသုံးပြီး variable ထဲက တန်ဖိုးကို ပြခြင်း
အဲဒီလို လုပ်ဆောင်ချက်တွေကို တစ်ပေါင်းထဲ coding ၁ ကြောင်းထဲမှာ ရေးလိုက်တာပါ။
ဒီလို အဆင့်မျိုး output ထုတ်တာ ရင်းနှီးနေတယ်လို့ မထင်မိဘူးလား။
ရင်းနှီးနေမှာပါ။ ဘာလို့လဲဆိုတော့ အရင်သင်ခန်းစာမှာတုန်းက “variable”ထဲက value ကို “println”
သုံးပြီး output ပြခဲ့တဲ့ ပုံစံနဲ့ အတူတူပါပဲ။
public class Calculate
{
public static void main(String [] args)
{
// Sum Result Variable
int addResult;
// Substract Result Variable
int subResult;
// multiple Result Variable
int multResult;
// Division Result Variable
int divResult;
addResult = 6 + 3;
subResult = 6 – 3;
multResult= 6 * 3;
divResult = 6 / 3;
System.out.println(addResult);
System.out.println(subResult);
System.out.println(multResult);
System.out.println(divResult);
}
}
*အဖြေက example(1) နဲ့ အတူတူဖြစ်တဲ့ အတွက်ကြောင့် ထပ်မရေးထားပါ။
ဒီ program ကတော့ အရင်သင်ခန်းစာမှာ လေ့လာခဲ့တာတွေကို သုံးပြီး ရေးထားတဲ့ program ပါ။ ဒီ program ကို ကိုယ့်ဟာကို ဒီလိုပုံစံမျိုး ရေးနိုင်ခဲ့မယ်ဆိုရင် အရင်သင်ခန်းစာကို ကောင်းကောင်းနားလည်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။
ဒီ program မှာ အသုံးအနှုန်းအသစ်တွေ ထပ်ပါလာတာကို သတိထားမိပါသလား။ အရင်သင်ခန်းစာမှာတုန်းက “variable” ကို
“String” ကြော်ငြာပြီး println နဲ့ output ထုတ်ခဲ့ပေမယ့် အခု “int” type “variable” ကို သုံးထားပါတယ်။ အရင် သင်ခန်းစာတုန်း
ကလိုပဲ println ကို အလားတူပုံစံနဲ့ သုံးလို့ရပါတယ်။
“println” ထဲကို “variable” ထည့်ပြီး သုံးမယ်ဆိုရင် ဘယ်လို “variable type” ပဲ ဖြစ်ဖြစ် output ပြနိုင်ပါတယ်။
ဒီလိုမျိုးသုံးပြီး program ရေးတတ်တဲ့ သူတွေကစဉ်းစားတွေးခေါ်မှု အားကောင်းတယ်လို့ ပြောရပါမယ်။
Program တစ်ခုမှာ ဘယ်နေရာမှာ “String” သုံးရမယ် ဘယ်နေရာမှာ “int” သုံးရမယ်ဆိုတဲ့ စဉ်းစားတွေးခေါ်မှုက အကျိုးအကြောင်း ဆီလျှော်အောင် အသုံးချတတ်ဖို့ လိုပါတယ်။
အရေးကြီးတဲ့ အချက်တစ်ချက်ပြောဖို့ အခုမှ သတိရတယ်။
“HelloWorld.java” ဆိုတဲ့ file name နဲ့ program ကို သုံးပြီးရေးထားတဲ့ လူများရှိပါသလား။
သုံးထားမိတဲ့လူ ရှိတယ်လို့ထင်ပါတယ်။
Java စလေ့လာကတည်းက ဒီfile ထဲမှာပဲ program ရေးခဲ့ပေမယ့် အဲလို မဖြစ်သင့်ပါဘူး။
ဘာလို့လဲဆိုရင် program တစ်ပုဒ်ချင်းဆီကို name သီးခြားဆီ သတ်မှတ်ပြီး ရေးဖို့ လိုပါတယ်။
အဲလိုမှသာ ဒီ program က ဘာအတွက်ရေးထားတယ်ဆိုတာကို file name ကြည့်ရုံနဲ့ ချက်ချင်းသိနိုင်မှာပါ။
တကယ်လို့သာ file name မခွဲပဲ file ၁ခုထဲမှာ ပေါင်းရေးလိုက်မိရင် ကိုယ့်ဟာကို ဘယ်process ကို ဘယ်နေရာမှာ ရေးမိပါလိမ့် ဆိုပြီး ခေါင်းကုတ်နေမှာ သေချာပါတယ်။
ဒီအပြင် အသုံးပြုတဲ့ “variable” name ကိုလဲ ရှင်းရှင်းလင်းလင်း နားလည်နိုင်မယ့် အဓိပ္ပါယ်ရှိတဲ့ variable name ဖြစ်ဖို့လိုပါတယ်။
တစ်ချို့တစ်ချို့ သော programming စာအုပ်တွေမှာဆိုရင် variable ကို “i” ဆိုပြီး အလွယ်ရေးတတ်ကြပါတယ်။ တကယ် programmer ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီလိုမျိုး မလုပ်သင့်ပါဘူး။
တစ်ခြားလူတစ်ယောက်က ကိုယ်ရေးထားတဲ့ program ကို ဖတ်တဲ့ အခါ variable ကို “i” ဆိုပြီး name ပေးထားမယ်ဆိုရင်
အဲဒီ့လူအတွက် ဒီvariable က ဘာအတွက် ဘယ်လိုသုံးထားလဲ ဆိုတာကို နားမလည်နိုင်ပါဘူး။
အကျဉ်းချုပ်
၁။ Variable type ကို numeric အနေနဲ့ program ထဲမှာသုံးလို့ရတယ်။
၂။ Println ကို တစ်ခြားပုံစံနဲ့ သုံးလို့ရတယ်။
၃။ Program နဲ့ Variable ကို ဘယ်လိုမျိုး name ပေးရမယ်ဆိုတာကို သေချာသိလာမယ်။
ဒီပုစ္ဆာကို ကိုယ့်ဟာကို မစဉ်းစားနိုင်တဲ့လူ ဒါမှမဟုတ် ပုံစံတစ်မျိုးထဲပဲ စဉ်းစားမိတဲ့လူတွေအတွက် ဒီသင်ခန်းစာရဲ့ examples တွေကို သေချာနားလည်အောင် လုပ်ဖို့လိုပါလိမ့်မယ်။
Program တစ်ခု ဖြစ်လာဖို့အတွက် ကိုယ့်ဟာကို လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ့ အရည်းအချင်းရှိဖို့ဆိုတာ programmer တိုင်း ရှိထားသင့်တဲ့ အချက်ပါပဲ။
ကဲ ဒါဆို နောက်သင်ခန်းစာမှာ ဘာတွေလေ့လာကြမလဲ။
(ဆက်ရန်)သင်ခန်းစာ ၇။ ရေးခဲ့တဲ့ program တွေကို အစီအစဉ်တကျ ရေးကြမယ်။