[သင်ခန်းစာ-၁] – Java ကိုအစပျိုးကြမယ်
ဘွဲ့ရပြီဆိုတာနဲ့ကျောင်းသူကျောင်းသားတွေဟာ အလုပ်လုပ်ဖို့အတွက် Job hunting လုပ်ကြတဲ့အခါ မှာ SoftwareEngineerဖြစ်ချင်ကြတဲ့သူတွေရှိကြမှာပါ။Programingကိုစိတ်ဝင်စားပေမဲ့လက်တွေ့အတွေ့အ ကြုံမရှိတာကတစ်ကြောင်းဘယ်ProgrammingLanguage ကိုရွေးရင်ကောင်းမလဲမသိတာကတစ်ကြောင်း career လမ်းကြောင်းကိုအစပျိုးဖို့အခက်တွေ့နတတ်ကြပါတယ်။
Java Programming ကိုလေ့လာချင်သူတွေအတွက် လက်တွေ့ကျကျလေ့လာနိုင်အောင်ဒီ site ကနေသင်ကြားပေးသွားမှာပါ။
Java ကို အခုခေတ်မှာရေပန်းအစားဆုံး Programming Language တစ်ခုအနေနဲ့ တွေ့နိုင်ပါတယ်။
အကြောင်းကတော့အောက်ပါ အချက်တွေကြောင့်ပဲဖြစ်ပါတယ်။
l ဘယ် Operating system မဆိုအသုံးပြုနိုင်ခြင်း (Windows, UNIX, Linux, Mac, etc)
l Beginner အဆင့် ကစပြီး class library တွေကိုလွယ်လွယ်ကူကူအသုံးပြုနိုင်ခြင်း
l ပိုက်ဆံပေးစရာမလိုပဲ Free အနေနဲ့ အသုံးပြုနိုင်ခြင်း
တွေကြောင့်ပဲဖြစ်ပါတယ်။
Java programming ကို ရေးနိုင်ဖို့အတွက် JDK(Java Development Kit) ကိုအရင်ဆုံး install လုပ်ဖို့လိုပါတယ်။
(Chapter 0 မှာဘယ်လို install လုပ်ရမယ်ဆိုတာ ကိုကြည့်ပါ)
Install လုပ်ပြီးပြီဆိုရင်တော့ program စရေးကြည့်ရအောင်။
ပထမဆုံးအနေနဲ့သိထားသင့်တဲ့အချက် ၃ ချက်ရှိပါတယ်။
၁. Source file
၂. Compile
၃. Run
အဲဒီအချက် တွေအတိုင်း “Hello World” ဆိုတဲ့ beginner program တစ်ပုဒ်လောက်ရေးကြည့်ရအောင်။
၁. Source file
Program တစ်ပုဒ်အတွက် Source code ရေးတော့မယ်ဆိုရင် အရင်ဆုံး “Source file” လို့ခေါ်တဲ့ File တစ်ခုပြုလုပ်ဖို့လိုအပ်ပါတယ်။
ဒီ program ကို Notepad ကိုသုံးပြီး စရေးကြည့်ကြတာပေါ့။
Notepad ကိုအောက်မှာပြထာတဲ့အတိုင်း Start Menu ကနေတစ်ဆင့်ချင်းစီသွားပြီးဖွင့်ရပါမယ်။
StartMenu –> Programs –>Accessories –> Notepad
Notepad ဖွင့်ပြီးပြီဆိုရင်အောက်မှာမြင်ရတဲ့ Program ကိုရေးလိုက်ပါ။
File နာမည်ကို “HelloWorld.java” လို့ပေးပါ။
public class HelloWorld
{
public static void main(String[] args)
{
System.out.println(“Hello Java World !”);
}
}
ရေးပြီးသွားပြီဆိုရင်တော့ အောက်မှာရှိတဲ့အချက်တွေအတိုင်း File ကို Save လုပ်ပါ။
၁. StartMenu ကနေ MyComputer ကို သွားပါ။ MyComputer ကိုရောက်ရင်တော့ “C:” ဆိုတဲ့ Drive ထဲဝင်လိုက်ပါ။
၂. “C:/” ထဲရောက်ပြီဆိုလျှင်တော့ Right Click နှိပ်ပြီး “New(W)”–>“Folder(F)” ကိုရွေးပြီး Folder ကို “Work” လို့နာမည်ပေးလိုက်ပါ။
(work ဆိုတဲ့ Folder ရှိပြီ:သားဆိုလျှင်တော့ တစ်ခြားနာမည်တစ်ခုနဲ့ Folder ဆောက်လိုက်ပါ။)
၃. “HelloWorld.java” ကို Notepad မှာ save လုပ်တဲ့အခါ “.java” ဆိုတဲ့ extension ကိုမမေ့ပါနဲ့။
Save လုပ်တဲ့အခါ file type ကို “all files”, character code ကို “ANSI” လို့ပြောင်းပါ။