Function ခွဲထုတ်ခြင်း

၉။ Function ခွဲထုတ်ခြင်း

၁။ Function ခွဲထုတ်ခြင်း

Module Seperation ရဲ့ယေဘုယျနည်းလမ်းကတော့ အဓိက function ကို function ငယ်လေးများအဖြစ်ခွဲထုတ်ခြင်းဖြစ်ပာတယ်။

recruit

Program အတွက်လိုအပ်တဲ့ function ကိုရှာဖွေပြီး ထို function တွေရဲ့ခြားနားချက်ကိုဖော်ပြပါတယ်။

အဲ့ဒီမှာအဓိက function သည် အဓိက module ဖြစ်ပြီးတော့ရှာဖွေထားတဲ့ function ကတော့ sub module ဖြစ်ပါတယ်။

ခွဲထုတ်ခံရတဲ့ function သည် အမှီအခိုကင်းတဲ့  function ငယ်များအဖြစ်ထပ်မံခွဲထုတ်ပါတယ်။ အချို့ code တွေမှာ အခြေအနေ အမျိုးမျိုးကြောင့် coding ကို ပြောင်းရပြီ ဆိုရင် Function ခွဲထုတ်ခြင်းကြောင့် coding တစ်ခုလုံးကို ပြင်စရာမလိုဘဲနဲ့ ခွဲထုတ်ထားတဲ့ function မှာပဲပြင်လို့ ရနိုင်တယ်။ အဲဒါကြောင့် “maintainable” ဖြစ်ပြီး coding တွေကို အလွယ်တကူ ပြင်နိုင်လာတယ်။ ပြီးတော့ ပြန်လည်အသုံးပြုခြင်းတဲ့ စစ်ဆေးခြင်းကိုလည်း လုပ်နိုင်လာတယ်။

Function ခွဲထုတ်ခြင်းအတွက်အောက်ဖော်ပြပါနည်းလမ်းများဖော်ပြထားပါတယ်။
(၁) ပြောင်းလဲမှုကိုအဆက်မပြတ်ဖြစ်သည်အထိခွဲထုတ်ခြင်း
(၂) Function ကိုရွေးချယ်လို့ရသည်အထိခွဲထုတ်ခြင်း
(၃) Function ကိုထပ်ခါထပ်ခါဖြစ်သည်အထိခွဲထုတ်ခြင်း
(၄) Input, Processing, Output ကိုသိသာထင်ရှားသည်အထိခွဲထုတ်ခြင်း
(၅) စီမံမှုနဲ့ဆုံးဖြတ်မှု ကိုအဆင့်မြင့်အဆင့်၊ ပြုလုပ်ပုံကို အဆင့်နိမ့်အဆင့်အဖြစ်ခွဲထုတ်ခြင်း
(၆) Functional process အတွင်းလဲလှယ်ထားတဲ့ data ကိုတတ်နိုင်သမျှနည်းသည်အထိခွဲထုတ်ခြင်း
(၇) Function အသီးသီးကို ဝင်ပေါက်တစ်ခု ထွက်ပေါက်တစ်ခုရသည်အထိခွဲထုတ်ခြင်း

၂။ ခွဲထုတ်ခြင်းနည်းလမ်းများ

(၁) TR ခွဲထုတ်ခြင်းနည်းလမ်း
လုပ်ဆောင်ပုံပေါ်လိုက်၍ကွဲပြားသွားတဲ့ဖြစ်စဉ်ကိုလုပ်ဆောင်နေချိန်အသီးသီးသောဖြစ်စဉ် အဖြစ်ခွဲထုတ်သောနည်းလမ်းဖြစ်ပါတယ်။

ထိုဖြစ်စဉ်ကြောင့်ကွဲထွက်လာသော module သည် ခွဲထုတ်ခြင်းဖြစ်စဉ်နှင့်အခြားအရာများ နှင့်ပတ်သတ်၍ သတိထားရန်မလိုအပ်သည့်အတွက် အရည်အသွေးကောင်းသော module များဖြစ်လာသည်။

(၂) STS ခွဲထုတ်ခြင်းနည်းလမ်း

Data စီးဆင်းမှုကိုအာရုံစိုက်ပြီး data အရင်းအမြစ်၊ပြောင်းလဲခြင်း၊ရလဒ်ကိုစုပ်ယူခြင်း များအဖြစ်ခွဲထုတ်သည့်နည်းလမ်းဖြစ်သည်။

ပထမဦးစွာ လိုအပ်တဲ့ function ကိုရှာဖွေသတ်မှတ် ပြီးတော့ data flow နဲ့ပတ်သတ် နေတဲ့ function အစိတ်အပိုင်းကို bubble နဲ့ဖော်ပြပါမယ်။ Bubble ထဲတွင် function ၏အမည်ကိုထည့်ပြီး data စီးဆင်းမှုကို မြှားဖြင့်ဖော်ပြရပါမည်။ Input နှင့် output data ၏ အများဆုံးသတ်မှတ်ထားတဲ့ point ကိုရှာဖွေရပါမည်။ အခြေခံအများဆုံးသတ်မှတ်ထားတဲ့ point အပေါ်လိုက်၍ STS module သုံးခု ကိုသတ်မှတ်ပါမည်။

Input ၏အများဆုံးသတ်မှတ်ထားတဲ့ point ဆိုသည်မှာ Input data ကိုဘယ်မှညာသို့စောင့်ကြည့်နေ ပြီး processed data ကို input data အဖြစ်မသတ်မှတ်တော့တာဖြစ်ပါတယ်။

Output ၏အများဆုံးသတ်မှတ်ထားတဲ့ point ဆိုသည်မှာ output data ကိုဘယ်မှညာသို့စောင့်ကြည့်နေ ပြီး processed data ကို output data အဖြစ်မသတ်မှတ်တော့တာဖြစ်ပါတယ်။


Check our Facebook Page!