[ထပ်ဆင့်သင်ခန်းစာ 3] ပြဿနာ အဖြေရှာခြင်း (Troubleshooting)
Program တစ်ပုဒ်ကို အချက်အလက်တွေအလိုက် operate လုပ်ခဲ့ပေမယ့်လည်း program အလုပ်မလုပ်တဲ့ ပြဿနာမျိုး ကြုံဖူးပါသလား။
ဒီခေါင်းစဉ်က မကြာခဏကြုံတွေ့ရတတ်တဲ့ ပြဿနာပုံစံတွေ၊ ပြဿနာတွေကို ဘယ်လိုတိုင်းတာရမယ် ဆိုတာကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
ကဲ. . . ဒီခေါင်းစဉ်ကိုလေ့လာကြည့်ရအောင်။
Case 1: Program runတဲ့အခါ “NoClassDefFoundError” ဆိုတဲ့စာသားပြခြင်း။
Example:
Countermeasure 1-1: Environment variable ClASSPATH ကို မှန်မှန်ကန်ကန်သတ်မှတ်ခြင်း။
သင်ခန်းစာ ၃ “Let’s learn deeply the program!” ရဲ့ “1. Let’s change the environment variable.” မှာပါတဲ့ “CLASSPATH” ကို ပြန်လေ့လာပြီးစစ်ဆေးကြည့်ပါ။ အောက်ပါအချက်တွေကို သေချာအောင်လုပ်ပါ။
-
semicolon (;) ဒါမှမဟုတ် dot (.) မပါခြင်း။
-
semicolon (;) နှင့် colon (:) ကို မှားပြီး အသုံးပြုခြင်း။
-
dot (.) နှင့် comma (,) ကို မှားပြီး အသုံးပြုခြင်း။
Measures 1-2: Class name ကို မှန်မှန်ကန်ကန် ရိုက်ရဲ့လား။
ကိုယ်အသုံးပြုတဲ့ class ရဲ့စာလုံးပေါင်းမှန်ရဲ့လားဆိုတာဟာအခြေခံကျတဲ့ တိုင်းတာမှုဖြစ်ပါတယ်။
စာလုံးပေါင်းအကြီး၊ အသေး၊ .class ဆိုတဲ့ extension မှန်မမှန် သေချာအောင် လုပ်သင့်ပါတယ်။
Measures 1-3: javac ဖြင့် compile လုပ်တဲ့အခါ fail ဖြစ်ခဲ့လား။
သင်ဟာ program ကို execute မလုပ်ခင်မှာ javac command ကိုသုံးပြီး compile လုပ်ခဲ့ပါတယ်။ အဲဒီ compilation လုပ်တဲ့အချိန်မှာသင်မည်သည့် errors ကိုမှမမြင်ခဲ့မိဘူးလား။
အကယ်၍သင်ဟာ compilation မှာ မအောင်မြင်ခဲ့ဘူးဆိုရင် သင်ဟာ program ကို run နိုင်မှာမဟုတ်ပါဘူး။
အဲဒါကြောင့် source file ကိုပြန်ကြည့်ပြီးတော့ file မှာ အမှားရှိ ၊ မရှိ ပြန်စစ်ကြည့်ပါ။
Case 2:「‘javac’ is not recognized … 」 ဆိုတဲ့စာသားကို compile လုပ်တဲ့အချိန်မှာပြခြင်း။
Example:
Counter measures 2-1: Environment variable PATH ကိုသေချာသတ်မှတ်ထားရဲ့လား?
Environment variable ကို “Lecture 0: Let’s install Java” မှာရှိတဲ့ “STEP3 Beginners’ frequently mistake, environment variable” အရပြန်စစ်ပါ။
တကယ်လို့သင်ဟာ environment variable ကိုပြောင်းလိုက်တဲ့အခါမှာ command prompt ကိုတစ်ကြိမ်ပြန်ပိတ်ဖို့လိုအပ်ပြီး settings မှာပြောင်းသွားစေဖို့ ပြန်ဖွင့်ရပါမယ်။
Case 3: 「HelloWorld is invalid flag」 ဆိုတဲ့စာသားကို compile လုပ်တဲ့အချိန်မှာပြခြင်း။
Example:
Measures 3-1: File name ကိုမှန်ကန်စွာလုပ်ထားရဲ့လား?
သင်ဟာ file နာမည်ကို .java ပါအောင် မှန်မှန်ကန်ကန်ပေးဖို့လိုပါတယ်။တစ်ကယ်လို့ file နာမည်ကမှန်နေတယ်ဆိုရင် တော့ သင်ဟာကွဲပြားခြားနားတဲ့ directory အနေနဲ့ ဖွင့်နိုင်ပါတယ်။
Directory ကို 「Let’s start without stress」 မှာရှိတဲ့ “2 . Compile” အရ စစ်ဆေးကြည့်ရအောင်။
Case 4: “ HelloWorld is public…” ဆိုတဲ့စာသားကို compile လုပ်တဲ့အချိန်မှာပြခြင်း။
Example:
Counter measure 4-1: file နာမည်နဲ့ class နာမည်ကို စစ်ဆေးကြည့်ပါ။
Class နာမည်ဟာ file နာမည်နဲ့ (suffix part ပါအပါအ၀င်) အပြည့်အစုံတူဖို့လိုအပ်ပါတယ်။ စာလုံးပေါင်းတင်တူရမှာမဟုတ် ဘဲ စာလုံးအကြီးအသေးကအစ တူဖို့လိုအပ်ပါတယ်။
အကျဉ်းချုပ်
တကယ်လို့ သင်ရဲ့ program က run လို့မရတဲ့အခါမှာ အောက်ပါအချက်တွေကို စစ်ဆေးကြည့်ရအောင်။
၁. Class နာမည်က file နာမည်နဲ့ စာလုံးပေါင်း၊ စာလုံးအကြီး အသေးကအစ တူမတူ။
၂. Environment variable (PATH, CLASSPATH) က မှန်မှန်ကန်ကန် သတ်မှတ်ထားမထား။
၃. မတူညီတဲ့ directory မှာလုပ် မလုပ်။
သင့်ပြဿနာကိုဖြေရှင်းနိုင်ခဲ့လား။ သင်ဟာ အပေါ်ကရှင်းပြခဲ့တဲ့ သင်ခန်းစာအတိုင်းဖတ်ပြီး ကြိုးစားကြည့်လို့ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် အောက်မှာပြထားတဲ့ ပုံစံအတိုင်း မေးခွန်းမေးနိုင်ပါတယ်။