【သင်ခန်းစာ ၀】မိတ်ဆက်
ပထမဆုံးအနေ နဲ့ ကျောင်းသားများနဲ့ Junior Software Engineer များအားလုံးကို
အောက်ပါ အတွေ့အကြုံမျိုးကြုံဖူးကြရဲ့လားလို့မေးချင်ပါတယ်။?
• IT နယ်ပယ်ထဲကိုဝင်မယ်လို့ရည်ရွယ်ပေမဲ့လည်း ဘယ်ဟာကိုလေ့လာထားရင် ကောင်းမယ်ဆိုတာကိုမသိခြင်း။
• နည်းပညာတစ်ခုချင်းစီရဲ့ သတင်းအချက်အလက်ကိုတွေ့နိုင်ပေမဲ့ ဘယ်နှနှစ်နဲ့ ဘာတွေကိုသင်ယူတတ်မြောက်နိုင်မလဲဆိုတာကိုမသိ
ခြင်း။
• လက်ရှိ ကိုယ့်ရဲ့ level က ဘယ်လောက်ရှိတယ်ဆိုတာကိုမသိခြင်း။။
ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားအရွယ်တုန်းကအထက်ပါအကြောင်းအရာတွေကိုမသိခဲ့ပါဘူး။
Software Engineer တစ်ယောက်ဖြစ်လာတဲ့အခါမှာတော့ အခုချိန်အထိသင်ကြားလေ့လာခဲ့တာတွေကို ဒီနယ်ပယ်ထဲမှာပြန်လည်ဝေမျှချင်ပါတယ် ။
ကျွန်တော်ကိုယ်တိုင်လည်းမသိသေးတဲ့အချက်တွေရှိပေမဲ့တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကနေတဆင့်အောက်ဖော်ပြပါအချက်အလက်များကိုလိုက်နာယုံနှင့် Software Engineer ကောင်းတစ်ယောက်ဖြစ်ဖို့ ၈၀ရာခိုင်နှုန်း သေချာပါတယ်လို့ပြောချင်ပါတယ်။
အခုချိန်ကစပြီး IT လောကထဲကို ဝင်ဖို့ကြိုးစားနေသူတွေ ဒါမှမဟုတ် နှစ်အနည်းငယ်ကြာ Software Engineer အနေနဲ့အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ ဖတ်သင့်တယ်လို့ ထင်ပါတယ်။
လူငယ်အင်ဂျင်နီယာများတိုးတက်မှုလမ်း (အကျဉ်းချုပ်)
လူငယ်အင်ဂျင်နီယာများတိုးတက်မှုလမ်းအနေဖြင့် အကြောင်းအရာကို အပိုင်းကြီး (၂) ပိုင်းခွဲထားပါတယ် “ပထမနှစ်~တတိယနှစ်” နှင့် “စတုတ္ထနှစ်~ဆဋ္ဌမနှစ်”ဖြစ်ပါတယ်။
အသီးသီးအားဖြင့် နှစ်တစ်နှစ်ချင်းစီရဲ့ တာဝန်တွေ၊ကျွမ်းကျင်တတ်မြောက်ဖို့လေ့လာရမဲ့စာရွက်စာတမ်းတွေ၊ဒါတွေနဲ့တွေ့တဲ့အခါ ကျော်လွှားနိုင်ဖို့ အရည်အချင်းနဲ့ပတ်သက်တဲ့ နည်းလမ်းကတော့ အောက်ပါပုံအတိုင်းဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ပေးအပ်ခြင်းခံရတဲ့တာဝန်တွေ၊ သင်ယူတတ်မြောက်တဲ့ကျွမ်းကျင်မှုတွေက ပြောင်းလဲသွားတာကိုနားလည်မယ်လို့ ထင်ပါတယ်။
သိထားသင့်တဲ့ Software Engineering အခြေခံဗဟုသုတများ
IT လောကမှာအလုပ်လုပ်မဲ့သူအနေနဲ့အနည်းဆုံး ဒါလေးတော့သိထားသင့်တယ်ဆိုတဲ့ အခြေခံဗဟုသုတတွေ ရှိပါတယ်။
အခုချိန်ကစပြီး IT လောကထဲကို ဝင်ဖို့ကြိုးစားနေသူတွေ၊ လူငယ် Software Engineer တွေ ဘယ်လောက်လောက် သင်အတွေ့အကြုံရှိခဲ့ ပြီးပြီလဲဆိုတာပြန်စမ်းစစ်ကြည့်ပါ။