【သင်ခန်းစာ ဝ】 မိတ်ဆက်
SEကိုစိတ်ဝင်စားပေမယ့်လို့ SE(System Engineering) နဲ့ပက်သတ်တဲ့အတွေ့အကြုံမရှိဘူးဆိုတဲ့ အစမ်းခန့်ဝန် ထမ်းတွေကို SE ကဘာလဲဆိုတာ ရှင်းပြပါမယ်။ ကျေးဇူးပြု၍ သေသေချာချာ အာရုံစိုက်ပေးပါ ။
SE ဆိုတာဘာလဲ ?
SEဆိုတာကကွန်ပြူတာသုံးပြီး”ဒါလေးရှိရင်တော့ကောင်းမှာပဲ” “ဒါကိုပိုပြီးလွယ်ကူချောမွေ့စေချင်တယ်”ဆိုတဲ့ customer ၏ဆန္ဒ တွေကိုလုပ်ဆောင်ပေးရတာပါ။
【သင်ခန်းစာ ၁-၁】 SEတစ်ယောက်ရဲ့တာဝန်များ (ပထမပိုင်း)
SEဆိုတဲ့အလုပ်ကကွန်ပြူတာကို အသုံးပြုပြီး customer၏ ဆန္ဒကိုလုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ပိုပြီးလေးလေးနက် နက်ပြောရမယ်ဆိုရင်တော့ SEဆိုတာကcustomer၏တောင်းဆိုချက်တွေကို လုပ်ဆောင်ပေးဖို့အတွက် system တစ်ခုတည်ဆောက်ရတာပဲဖြစ်ပါတယ်။
Systemလို့ပြောလိုက်တာနဲ့ လူတိုင်းကစက်ရုပ်ကိုပဲတွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီsystem ဆိုတာက လူတိုင်း ကြည့်နေတဲ့ Internet Explorer လိုမျိုး HTML နဲ့ browserစတဲ့ Homepage တွေကိုလုပ်ဆောင်တဲ့systemဖြစ်ပါတယ်။ ဆိုလိုတာကကျွန်တော်တို့လုပ်ချင်တအလုပ်အပေါ်မူတည်ပြီး နယ်ပယ်ကျယ်ပြန့်တဲ့ systemတွေအမျိုးမျိုးရှိတယ်ဆိုတာပါပဲ။
【သင်ခန်းစာ ၁-၂】 SE တစ်ယောက်၏တာဝန်များ(နောက်ဆက်တွဲ)
ဒီဇိုင်းရဲ့ အဆင့်တွေအတိုင်း အသေးစိပ်ရေးဆွဲထားတဲ့ ပုံကိုအခြေခံပြီး Program ကိုဖန်တီးပါ။
ဆောက်လုပ်ရေးမှာဆိုရင်တော့ တကယ်လက်တွေ့ အိမ်ဆောက်တာဖြစ်ပါတယ်။
Systemပြုလုပ်ခြင်းကို C ဘာသာစကား, Java လို့ခေါ် သော Tontenkan အဖြစ် လုပ်ဆောင်သွားကြရအာင်။Programming ဘာသာစကားကို အသုံးပြုပြီး ကွန်ပြူတာမှာ Program ရေးကြည့်ကြရအောင်။
【သင်ခန်းစာ ၂】 SE အတွက်လိုအပ်သောအရည်အချင်းများ
ရှေ့အပိုင်းမှာတော့”SE ကဘယ်လိုအလုပ်မျိုးလုပ်လဲ” ဆိုတာမိတ်ဆက်ပေးခဲ့ပြီးပါပြီ။
ဒါဆို အဲ့ဒီလိုမျိုး အလုပ်တွေလုပ်ဖို့ SE ကဘယ်လိုအရည်အချင်းတွေကို လိုအပ်တာပါလဲ။
SE အတွက်လိုအပ်တဲ့အရည်အချင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁)နည်းပညာဆိုင်ရာစွမ်းအား၊(၂)လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းနှင့်၊(၃)လူ့စွမ်းအားအရင်းအမြစ် ဖြစ်ပါတယ်