Coding – အပြစ်အနာအဆာ (bug) ရှာခြင်း

၅။ Coding – အပြစ်အနာအဆာ (bug) ရှာခြင်း

Coding ဆိုတာက Program ဘာသာစကားကို အသုံးပြုပြီး Program ရေးဆွဲခြင်း ဖြစ်ပါတယ်။ Program အကြောင်း အခုမှစလေ့လာသူတွေက Coding ဟာလည်း Program တစ်ခုလို့ထင်ကြပေမယ့် သူက Program လုပ်ငန်းစဉ်ရဲ့ တစ်စိတ် တစ်ဒေသ
ထက် မပိုပါဘူး။ ပြီးတော့ Program ရေးနိုင်ပြီဆိုရင် Coding ကခက်ခဲတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ Program ဖတ်ရလွယ်ဖို့အတွက် Programming style နဲ့ပက်သက်တဲ့ သတိထားစရာလေးတွေ ကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

● Program line တိုင်းမှာ သင့်တော်တဲ့ နေရာလွတ် (Indentation) ထည့်ပေးရမယ်။
● အဓိပ္ပါယ် ရှိတဲ့class name, function name နဲ့ variable names တွေကို အသုံးပြုရမယ်။
● ရောထွေးပြီးအလွဲတကူမှားနိုင်တဲ့ name တွေကို ရှောင်ရှားရမယ်။
● လိုအပ်တဲ့code နေရာတွေမှာ တွန့်ကွင်း သုံးပေးရမယ်။
● Magic number မသုံးပါနှင့်။
● function (or) class အတွက် (comment ) ထည့်ရေးပေးရမယ်။

အပြစ်အနာအဆာ ရှာခြင်းဆိုတာကတော့ Program ကို စစ်ဆေးခြင်းပဲဖြစ်ပါတယ်။ Progam ကို စစ်ဆေးတယ်ဆိုတာကတော့ Program ကို စမ်းသပ်မှုတွေ လုပ်မယ်။ ပြီးတော့ ရလာတဲ့ အဖြေကို ထပ်ပြီးစမ်းသပ်မယ်။ အပြစ်အနာအဆာရှာခြင်းကို ပိုပြီးချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့အတွက် ဘယ်လိုစမ်းသပ်မှုမျိုးကိုလိုအပ်တယ်ဆိုကိုစဉ်းစားဖို့လိုပါတယ်။Program ကို အပြီးသတ် စမ်းသပ်ဖို့ဆိုရင်တော့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

Program ရဲ့အရည်အသွေးနဲ့ ယုံကြည်စိတ်ချမှုအတွက်ဆိုရင် ရှိနေတဲ့ error ရှာတွေ့ဖို့ကို ရည်ရွယ်ပြီး တော့ Program ကိုစစ်ဆေးရပါမယ်။


Check our Facebook Page!