၁ဝ။ အခြေခံ function ခွဲထုတ်ခြင်း
၁။ အခြေခံ function ခွဲထုတ်ခြင်း
(၁) အရွယ်အစားတိုင်းတာခြင်း
Module ၏ size က manage လုပ်နိုင်ရမယ့် size ဖြစ်ရမည်။
ပုံမှန်အားဖြင့် program ရဲ့ size က တစ်မျက်နှာစာဖြစ်ပြီးတော့ module ခွဲတဲ့ နေရာမှာ အရမ်း သေးငယ်တဲ့ module ခွဲမယ်ဆိုရင်လည်း function လို့ ခေါ်လို့မရနိုင်ပါဘူး။
(၂) Interface ၏ရိုးရှင်းမှု
အကယ်၍ module ကိုထပ်မံခွဲထုတ်မည်ဆိုလျှင် module ကပိုမိုရိုးရှင်းလာပေမယ့် interface ကပိုမိုရှုပ်ထွေးလာမည့်လားရာရှိပါတယ်။ ဒါကြောင့် module ကိုထိန်းချုပ်ရန်တည်ဆောက်ထားသော ဒီဇိုင်းသည်နှေးကွေးလာမှာဖြစ်ပါတယ်။ခွဲထုတ်တာတိုလျှင် interface ဒီဇိုင်းသည်အနည်းငယ်သာလိုအပ်ပြီး simple module ၏ function သည်တိုးလာပြီး မူလရည်ရွယ်ချက်သည်လျော့သွားဖြစ်တယ်။
Input တစ်ခုမှ data တစ်ခု Output တစ်ခုမှ data တစ်ခု လို့တွေးထားပေမယ့် လက်တွေ့မှာတော့ data အများကြီးသို့ပြောင်းလဲသွားသောဖြစ်ရပ်များလည်းရှိပါတယ်။ တတ်နိုင်မယ်ဆိုရင် interface ကို စနစ် 2 ခုမှ 3 ခုအထိထားသင့်ပါတယ်
(၃) ပေါင်းစပ်ခြင်းအတိုင်းအတာ
module တွေရဲ့ interface ကိုရိုးရှင်းအောင်လုပ်မယ်ဆိုလျှင် ထို module များ၏အမှီအခိုကင်းမဲ့မှုသည်မြင့်တက်လာပါလိမ့်မည်။ Module ရဲ့ interface ကိုပေါင်းစပ်ခြင်းအတိုင်းအတာနဲ့ခွဲခြားနိုင်ပါတယ်။ ရလဒ်ကိုပေါင်းစပ်နိုင်နှုန်းနည်းတဲ့ data ပေါင်းစပ်ခြင်းလို့တွေးထားပါတယ်။
အကြောင်းအရာ ပေါင်းစပ်ခြင်း | အခြား module များ၏အကြောင်းအရာပေါင်းစပ်ခြင်း data များကိုတိုက်ရိုက်လက်ခံခြင်း |
ပူးပေါင်း ပေါင်းစပ်ခြင်း | ပုံမှန်ပြင်ပ dataပုံစံ၏ပူးပေါင်းပေါင်းစပ်ခြင်းကိုလက်ခံခြင်း |
အပြင်ပိုင်း ပေါင်းစပ် | ပုံမှန်ပြင်ပပေါင်းစပ်ခြင်း data ၏မလိုအပ်သည့် data များကိုမှတ်သားခြင်း |
ထိန်းချုပ် ပေါင်းစပ်ခြင်း | Module function ၏ ထိန်းချုပ် data များကိုသယ်ဆောင်ခြင်း |
Stamp ပေါင်းစပ်ခြင်း | ပေါင်းစပ်ထားသော stamp data structureကိုparameter အဖြစ်ပေးခြင်း |
Data ပေါင်းစပ်ခြင်း | ပေါင်းစပ်ထားသောတခုထဲသောရလဒ် data ကို parameter အဖြစ်ပေးခြင်း |
(၄) အတိုင်းအတာ၏ခိုင်ခံ့မှု
Module ကိုရိုးရှင်းတဲ့ function တစ်ခုအဖြစ်စီစစ်တာအကောင်းဆုံးဖြစ်တယ်။ Function အများကြီးကို module တစ်ခုအဖြစ်ပြုလုပ်လိုက်လျှင် function တိုင်းဆက်စပ်မှုရှိဖို့လိုအပ်တယ်။ Module များ၏ဆက်စပ်မှုသည် module ၏ခိုင်ခံ့မှုဟုသတ်မှတ်နိုင်သည်။ ခိုင်ခံ့မှုမြင့်မားလေ function ၏လုပ်ဆောင်ချက်မြင့်မားလေဖြစ်ပါတယ်။
Accidental | module ၏ function ကြားတွင် ဆက်သွယ်ချက်မရှိခြင်း |
Logical | ရိုးရှင်းသည့် function အများအပြားရှိခြင်း |
Time | လက်တွေ့ကျကျ နှင့် အချိန်ညှိနိုင်တဲ့ function အများအပြားရှိခြင်း |
Procedural | Function အများအပြားကို အစီအစဉ်ကျကျ လုပ်ဆောင်နိုင်ခြင်း |
Contact manner | Function ကြားရှိ data ဆက်စပ်မှုနှင့် ဖြစ်စဉ် |
Informational | Function အများအပြားရှိသည့် dataပုံစံတစ်ခုနှင့်ဆက်ဆံခြင်း |
Functional | Function တစ်ခုတည်းသာရှိခြင်း |