သိထားသင့်တဲ့ SE အခြေခံဗဟုသုတများ

သိထားသင့်တဲ့ Software Engineering အခြေခံဗဟုသုတများ

IT လောကမှာအလုပ်လုပ်မဲ့သူအနေနဲ့အနည်းဆုံး ဒါလေးတော့သိထားသင့်တယ်ဆိုတဲ့ အခြေခံဗဟုသုတတွေ ရှိပါတယ်။
အခုချိန်ကစပြီး IT လောကထဲကို ဝင်ဖို့ကြိုးစားနေသူတွေ၊ လူငယ် Software Engineer တွေ ဘယ်လောက်လောက် သင်အတွေ့အကြုံရှိခဲ့ ပြီးပြီလဲဆိုတာပြန်စမ်းစစ်ကြည့်ပါ။

လုံခြုံရေးစနစ်နိဒါန်း

သင်ဝယ်လာတဲ့ကွန်ပြူတာကိုဒီအတိုင်းပဲ ထားသလား…အို… ဒါကမဖြစ်သင့်တဲ့ကိစ္စပဲနော်။
အင်တာနက်ဆိုတာက ဒီအတိုင်းအသုံးပြုဖို့ စိတ်မချရတဲ့နေရာဖြစ်ပါတယ် သေချာပေါက် security tool တပ်ဆင်ပြီး သုံးကြည့်ကြရအောင်။
အဓိက security tool တွေကို အောက်မှာဖော်ပြထားပါတယ်။ ကိုးကားကြည့်ပါ။
1. Nonton Internet Security
2. Virus Buster
3. McAfee

ပိုမိုထိရောက်သောToolများ

အင်ဂျင်နီယာတွေက သူတို့ကွန်ပြူတာကို အသုံးပြုလွယ်ကူအောင် ပြုပြင်တာက ထုံးစံဖြစ်ပါတယ်။
အခမဲ့ Software မှာတောင် ပိုမိုအကျိုးရှိတာကိုသုံးတာများပါတယ်။
အောက်ဖော်ပြပါ Software တွေကတော့ ကျွန်တော်တို့ကုမ္ပဏီကဝန်ထမ်းတွေ သေသေချာချာ အသုံးပြုနေတဲ့ Software တွေဖြစ်ပါတယ်။

၁။ Text Editor မှာဆိုရင် Notepad ထက်ပိုတဲ့ function
တွေပါတဲ့ (Hedemaru , Sakura Editor နဲ့ TeraPad အစရှိတဲ့) tool
တွေကိုသုံးပါတယ်။
၂။Development Environment (coding)
ရေးရာမှာလဲ (Eclipse,VisualStudio,etc)တို့ကိုသုံးပြီး coding
တွေကိုရေးတဲ့အခါ သူတို့ရဲ့ features တွေကြောင့်အလွန်အသုံးဝင်ပါတယ်။
၃။ Development Environment (Design)
ရေးဆွဲရာမှာ(astah နဲ့ AmaterasUML)လို့ခေါ်တဲ့ tool တွေကိုသုံးပြီးပုံကြမ်းရေးဆွဲရာမှာပိုပြီးအကျိုးရှိစေပါတယ်။
Word တို့ Excel တို့နဲ့ Development Environment Design ဆွဲတာခက်ခဲပြီးမမြန်ဆန်နိုင်ပါဘူး။

ဒါ့အပြင် ဒီမှာမဖော်ပြနိုင်လောက်အောင် Development Environment ကို အကျိုးရှိစေတဲ့ System တွေအများကြီးရှိပါသေးတယ်။
ဒီ System တွေက များသောအားဖြင့် တစ်ဦးချင်းကိုလိုက်ပြီး အသုံးပြုရလွယ်ကူတာ ခက်ခဲတာတွေ ကွာခြားသွားပါတယ်။
သေချာပေါက် ကိုယ်နဲ့ကိုက်ညီတဲ့ System ကို ရွေးချယ်ပြီး အသုံးပြုပါ လို့တိုက်တွန်းချင်ပါတယ်။ ။


Check our Facebook Page!