[သင်ခန်းစာ ၁၅] [request ဆိုတာဘာလဲ ] Input libraries တွေကို သုံးခြင်း။

[သင်ခန်းစာ ၁၅] [request ဆိုတာဘာလဲ ] Input libraries တွေကို သုံးခြင်း။

အဆိုပြုချက်။ သင်ခန်းစာ ၄ မှာပါတဲ့ program ရဲ့ အဓိက elements သုံးခုကို နားလည်သဘောပေါက်ပါ။

အခုပြောမှာကတော့ Input အကြောင်းပဲ ဖြစ်ပါတယ်။

ကဲ ပထမဆုံး Input ကို သုံးကြည့်ရအောင်။

အခု program တစ်ခုသုံးပြီ လေ့လာကြည့်ပါမယ်။

Sample 1 - StreamTest.java

import java.io.  * ;

public class StreamTest

{

    public static void main (String[] args) throws IOException         // (4)

    {

        InputStreamReader is = new InputStreamReader(System.in);       // (1)

        BufferedReader br = new BufferedReader(is);                    // (2)

        System.out.println(" Please input something.");

        String str = br.readLine();                                    // (3)

        System.out.println(str + "was input.");

    }

}

ဥပမာ ၁ ကို compile လုပ်ပြီး execute လုပ်ပါ။

execute လုပ်တဲ့ အခါ အောက်မှာပြထားတဲ့ message ကို ပြပါလိမ့်မယ်။

ပြီးရင်တော့ characters တွေကို input ထည့်လိုက်ပါ။

lesson15a

ဒီမှာတွေ့ရတဲ့ အတိုင်း “Hello, world” ကို ရိုက်ထည့်လိုက်ပါ။

lesson15b

Input ထည့်ထားတဲ့ character string ကို display ပြပေးပါလိမ့်မယ်။ ဥပမာ ၁ က အောက်မှာတွေ့ရတဲ့ အရိုးရှင်းဆုံး program ဖြစ်ပါတယ်။

Code မှာ တွေ့ရတဲ့ အတိုင်း ၁ နဲ့ ၂ က user ကနေ character string ကို Input လုပ်ပေးဖို့ ပြင်ဆင်မှုတွေ ဖြစ်ပါတယ်။

(၃) Character string ကို input လုပ်ရန် အစိတ်အပိုင်း

နံပါတ် ၂ မှာ တည်ဆောက်ထားတဲ့ BufferedReader ရဲ့ instance တစ်ခုကို readLine method လို့ခေါ်ပါတယ်။

(အသုံးပြုတဲ့သူက class နဲ့ instance ကို နားမလည်ခဲ့ရင် JAVA သင်ခန်းစာများရဲ့ #10 နဲ့ #11 ကို ဖတ်ပါ။)

BuffedReader က character string တွေကို Input လုပ်ပေးမယ့် standard class ပဲဖြစ်ပါတယ်။

အဲဒါကို Java မှာ ပြင်ဆင်ပေးထားပါတယ်။

နောက်ဆုံး နံပါတ် ၄ မှာတော့ IOException လို့ခေါ်တဲ့ exceptionဟာ နံပါတ် ၃ထဲက readLine method မှာ ဖြစ်ပေါ်နိုင်ပါတယ်။(Exception အကြောင်းကို Java သင်ခန်းစာ ၁၄ မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။) နံပါတ် ၁ နဲ့ ၄ ကို နားလည်ရင် user ဆီက character ကို လက်ခံပြီး String အဖြစ် သိမ်းထားပါမယ်။

စကားမစပ် အခု input အကြောင်းကို နားလည်သွားပြီဆိုတော့ input တည်ဆောက်ပုံကို အသေးစိပ် လေ့လာကြည့်ရအောင်။ အထက်မှာ မရှင်းပြခဲ့တဲ့ ဥပမာရဲ့ လျှို့ဝှက်ချက်ကိုတော့ ၁ နဲ့ ၂ မှာ ၀ှက်ထားပါတယ်။

(1) InputStreamReader လို့ခေါ်တဲ့ class တစ်ခုကို create လုပ်ပါ။

(2) BufferReader လို့ ခေါ်တဲ့ class တစ်ခုကို create လုပ်ပါ။

အဲဒီ့ class တွေ အကြောင်းကို ရှင်းပြပါမယ်။

နံပါတ် ၁ ရဲ့ process ကတော့ “Specified location မှ character တစ်ခုကို ဖတ်ခြင်း”ပဲ ဖြစ်ပါတယ်။ “Specified location” ဆိုတာ System.in နဲ့ တူညီပါတယ်။

ပထမဆုံး System.in ကို မြင်တွေ့မှာပါ။ ဒါပေမယ့် System.out ရဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ်ဖြစ်တဲ့ screen မှ input data တွေကို အသုံးပြုဖို့ရန် object တစ်ခု ဖြစ်ပါတယ်။

Java ရဲ့ reference အားဖြင့် InputStreamReader ကို ရှာကြည့်ရအောင်။

(Reference မှာ ဘယ်လိုရှာရလဲ မေ့နေပြီဆိုရင်တော့ သင်ခန်းစာ ၈ ကို ပြန်ကြည့်ရအောင်။) InputStreamReader မှာ read လို့ခေါ်တဲ့ method တစ်ခုရှိပါတယ်။ သူရဲ့ return value ကတော့ “int”ပါ။ တစ်နည်းအားဖြင့် InputStreamReader က character တစ်လုံးတည်းကိုသာ ဖတ်နိုင်ပြီး character code ကို return ပြန်ပေးပါတယ်။

Character code ဆိုတာ computer ထဲမှာ အသုံးပြုတဲ့ စာကြောင်းကို ဖော်ပြတဲ့ ကိန်းဂဏန်းနှင့် သက်ဆိုင်တဲ့ တန်ဖိုးတွေပဲ ဖြစ်ပါတယ်။

List 2 - InputTest.java

import java.io.  * ;

public class InputTest

{

    public static void main (String[] args) throws IOException

    {

        InputStreamReader is = new InputStreamReader(System.in);

        System.out.println("Please input something.");

        int charCode = is.read();

        System.out.println(charCode + "was input.");

    }

}

Compile နဲ့ Execute လုပ်ပြီးရင်တော့ program က user ကို input တောင်းပါလိမ့်မယ်။

lesson15c

a ကိုရိုက်ထည့်ပြီးတော့ Enter ကို နှိပ်လိုက်ပါ။

lesson15d

a ကိုရိုက်ထည့်လိုက်တဲ့အခါ a ရဲ့ Char Code ဖြစ်တဲ့ 97 ကို ထုတ်ပေးပါတယ်။

အခု အခြေအနေမှာ အဲ့ဒီလိုသုံးဖို့ နည်းနည်း ခက်ခဲပါတယ်။

အဲဒါကြောင့် ဥပမာ ၂ မှာပြထားတဲ့ အတိုင်း BufferReader ကိုသုံးထားတာပါ။

BufferReader က argument တစ်ခု အနေနဲ့ InputStreamReader ကို ဖြတ်ပြီး character string တွေကို အကျိုးရှိရှိ input လုပ်နိုင်ပါတယ်။

စာကြောင်း ၁မှာ create လုပ်ထားတဲ့ instance “is” ကို စာကြောင်း ၂ ရဲ့ BufferedReader ရဲ့ “new” မှာ argument အနေနဲ့ ထည့်ပေးပါ။

ဒါနဲ့ အဲဒီလိုမျိုး အသုံးပြုပုံကို “wrap” လို့ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ InputStreamReader ကို BufferedReader ကို အသုံးပြုဖို့ wrap လုပ်ထားလို့ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ BufferedReader မှာ readLine ကို အသုံးပြုတဲ့ အခါ

constructor တစ်ခုအနေနဲ့ specified လုပ်ထားတဲ့ InputStreamReader ကိုအသုံးပြုပြီး တစ်ကြောင်းစီရဲ့ character string ကို input လုပ်ရန် ဖြစ်နိုင်ပါတယ်။

၃. Class ထဲမှ ဖြန့်ဝေခြင်း အခန်းကဏ္ဍ

အခု keyboard ကနေ input လုပ်တဲ့ method ကို နားလည်သွားပြီ ထင်ပါတယ်။ ဒါပေမယ့် အခု အောက်မှာပြထားတဲ့ မေးခွန်းတွေကို မေးချင်တဲ့ သူတွေရှိနိုင်ပါတယ်။

ဘာကြောင့်အဲလို အခက်အခဲမျိုး ဖြစ်တာပါလဲ။

Output မှာတော့ System.out.println ကိုပဲ ခေါ်ရမှာပါ။

ဒါပေမယ့် input မှာတော့ သုံးနိုင်တာ အများကြီးရှိတဲ့အတွက် နားလည်ဖို့တော့ မလွယ်ကူပါဘူး။

နောက်ထပ်အနေနဲ့ အခုဒီသင်ခန်းစာမှာ မရှင်းပြထားပေမယ့် input နဲ့ output အတွက် InputStreamReader နဲ့ BufferedReader အပြင် အခြားclass အများကြီးရှိပါတယ်။(အဲဒါတွေအားလုံးကို java.io package က စုစည်းထားပါတယ်။)

အဲဒီလို class တွေ အများကြီး ရှိစေရန် reason တွေလည်း အများကြီးရှိပါတယ်။

*class တစ်ခုစီရဲ့ function နဲ့ အခန်းကဏ္ဍကို ရှင်းလင်းလွယ်ကူစေရန်။

*ရှင်းလင်းလွယ်ကူစေသော classတွေ ရဲ့ combination မှာ အသုံးပြုခြင်းအားဖြင့် အခြားအရာ အများကြီးကို လုပ်နိုင်စေရန်။

ဥပမာအားဖြင့် InputStreamReader မှာ character ၁ခုကို input လုပ်ပေးတဲ့ ရိုးရှင်းတဲ့ function တစ်ခုသာရှိပါတယ်။

ပြီးတော့ BufferedReader မှာဆိုရင် ဘယ်လို input လုပ်ရမယ်ဆိုတဲ့ function မရှိပါဘူး။ဒါပေမယ့် InputStreamReader class ကို သုံးပြီး 1 line unit ကို input လုပ်နိုင်ပါတယ်။အဲဒါကတော့ အသုံးပြုခြင်းကို တိုးတက်စေတဲ့ အချက်ပဲဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ API reference ရဲ့ java.io package အပိုင်း ရှာနိုင်ပါတယ်။

အဲဒီ့မှာဆိုရင် class တွေအများကြီးကို မိတ်ဆက်ပေးထားပါတယ်။

အခုနားလည်သွားပါပြီလား။

ဘာလို့လဲဆိုတော့ နောက်ဆုံး အပိုင်းဖြစ်တဲ့ object oriented အပိုင်းက ပိုပြီးခက်လို့ပါ။

အဲဒါကြောင့် ဒီအချက်တွေကို မှတ်ထားပေးစေချင်ပါတယ်။

အခု ဒီသင်ခန်းစာကို အကျဉ်းချုပ်နဲ့ အဆုံးသတ်ပါမယ်။

…အကျဉ်းချုပ်…

၁။ JAVA ကို သုံးပြီး keyboard ကနေ character string ကို input လုပ်တဲ့ method ကို နားလည်ပါ။

၂။ InputStreamReader နဲ့ BufferReader ရဲ့ အခန်းကဏ္ဍကို နားလည်ပါ။

၃။ Class ရဲ့ အမျိုးမျိုးသော အခန်းကဏ္ဍတွေ ပေါင်းစည်းခြင်းမှာ java.io.package ကို အသုံးပြုပါ။

နောက်တစ်ကြိမ် ထပ်တွေ့ကြပါစို့။

ဆက်ရန်။ အခန်း ၁၆.


Check our Facebook Page!