[သင်ခန်းစာ ၁၃] Package အကြောင်းနားလည်စေရန်

[သင်ခန်းစာ ၁၃] Package အကြောင်းနားလည်စေရန်

အခုအချိန်ကစပြီး Package နဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးပေါ့မယ်။

Package အကြောင်းကို လေ့လာခြင်းအားဖြင့် ရှိနေပြီးသား class တွေကို ခေါ်ပြီးအသုံးပြုဖို့ အတွက်ပြီးပြည့်စုံသွားပါပြီ။
အရင်ကပြီးခဲ့တဲ့သင်ခန်းစာအတိုင်းပါပဲ class တွေအများကြီးအသုံးပြုခြင်းရဲ့ ကောင်းတဲ့အချက်အလက်တွေကို နားလည်နိုင်ပါတယ်။

Class တွေကိုအများကြီးသုံးတဲ့အခါမှာ class တွေ ရှုပ်ထွေးသွားပါလိမ့်မယ်။ အဲဒါကြောင့် သူတို့ တွေကို Package သုံးပြီး ဘယ်လိုအစီအစဉ်လုပ်မလဲဆိုတာ လေ့လာကြည့်ရအောင်။

Package ဆိုတာ ဘာလဲ?

Package အကြောင်းကို လေ့လာဖူးသလား။

အကြမ်းဖျင်းအားဖြင့်ပြောရင် Package ဆိုတာJava Classes တွေအများကြီးကိုအမျိုးအစားခွဲဖို့ နည်းလမ်းတစ်ခုဘဲဖြစ်ပါတယ်။

ဥပမာအားဖြင့် Class တစ်ခု(class ရဲ့ နာမည်ကို MyClass လို့ ယူဆကြပါစို့ ) MyClass ဆိုတဲ့ Java Class ရဲ့  ထိပ်ဆုံး မှာ “package foo;” လို့ ရေးခြင်းအားဖြင့် MyClass က Package foo ကိုပိုင်ဆိုင်သွားပါပြီ။

ဆန့် ကျင်ဘက်အနေနဲ့ ပြောရရင် အခြားPackage တစ်ခုမှာရှိနေတဲ့ class ကိုယူသုံးချင်တယ်ဆိုရင် “import” ဆိုတဲ့စာကြောင်းကို အသုံးပြုရပါတယ်။ မတူညီတဲ့ Package မှာရှိတဲ့ class ကို ယူသုံးချင်တယ်ဆိုရင် “import” ဆိုတဲ့စာကြောင်းကို မဖြစ်မနေကြေငြားရပါတယ်။

ဥပမာ foo package ထဲမှာရှိတဲ့ MyClass ကို ယူသုံးချင်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့အတိုင်းကြေငြာပေးဖို့ လိုအပ်ပါတယ်။

၁. Object ဆိုတာဘာလဲ?

အခုကစပြီး ရှင်းပြပါ့မယ် ငါတို့ ရဲ့အလုပ်ကတိုးလာတဲ့အတွက်အကြောင့် Package ကအသုံးမ၀င်ဘူးလို့ ထင်ကောင်းထင်မိလိမ့်မယ်။
ဒါကြောင့် Package ကိုအသုံးပြုရခြင်းရဲ့ကောင်းကျိုးကဘာလဲဆိုတာ လေ့လာကြည့်ရအောင်။

Package သုံးခြင်းရဲ့အားသာချက်တွေကို အကြမ်းဖျင်းအားဖြင့်-
၁. ဆက်နွယ်နေတဲ့ classes တွေကို Package တစ်ခုတည်းမှာ စုစည်းခြင်းအားဖြင့် class တွေကိုclassify လုပ်ခြင်း rearrange လုပ်ခြင်းတွေမှာ လွယ်ကူပါတယ်။
၂. Namespace ကိုသုံးခြင်းဖြင့် class name ထပ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
အခုဆိုရင် ဒီရှင်းပြချက်တွေက မင်းအတွက် ခက်ခဲကောင်းခက်ခဲနေမယ်လို့ ထင်ပါတယ်။ စကားလုံးရိုးရိုးလေးတွေနဲ့ ပြန်ပြီးရှင်းပြပါ့မယ်။

Class ကို အမျိုးအစားခွဲခြင်းနှင့် အစီအစဉ်ချခြင်း

လက်တွေ့ ကျတဲ့ system တည်ဆောက်မှုတွေမှာ Java class တွေကို ဆယ်ခု ဒါမှမဟုတ် အခုတစ်ရာ အထိ ဆောက်လေ့ရှိတယ်။

ယေဘုယျအားဖြင့် class တွေကို နှစ်ခုထက်ပိုပြီးဆောက်မယ်ဆိုရင် နာမည်တူပေးပြီးဆောက်ဖို့  ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တူညီတဲ့ class တွေအများကြီးရှိခဲ့မယ်ဆိုရင် တူညီတဲ့ class name တွေကို စစ်ဖို့ က ခက်ခဲပါတယ်။

Package ကို သုံးခြင်းအားဖြင့် နာမည်တူclass name ပေးလို့ မရဘူးဆိုတဲ့ ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ မတူညီတဲ့ Packages တွေထဲမှာ class name တွေကို နာမည်တူပေးနိုင်ဖို့ ခွင့်ပြုထားပါတယ်။

အဲဒီလို Package ကို သုံးခြင်းဖြင့် system တစ်ခုကို multiple members နဲ့ တည်ဆောက်ရမှာ အကျိုးကျေးဇူးများပါတယ်။ ဥပမာဆိုပါစို့  Person A မှာ “package-a” ဆိုတဲ့ package နဲ့  Person B မှာ “package-b” ဆိုတဲ့ Package ရှိတယ်ဆိုရင် သင့်အနေနဲ့  “State” ဆိုတဲ့ Class ကို package နှစ်ခုစလုံးမှာ နာမည်တူပေးပြီးဆောက်လည်းပြဿနာမရှိတော့ပါဘူး။

ဒါပေမဲ့ Person A နှင့် Person B က packages ထဲမှာရှိတဲ့ class name တွေက overlap မဖြစ်ဖို့ ဂရုစိုက်ရပါ့မယ်။

Package ကို နာမည်ပေးတဲ့အခါမှာ domain name ကို ပြောင်းပြန်ယူပြီးပေးလေ့ရှိပါတယ်။ အဲဒီလိုဘာကြောင့်ပေးတာလဲဆိုရင် သင့်ရဲ့ Package name ကအများနဲ့ မတူညီဘဲတစ်ခုတည်း ရှိဖို့ အတွက်ကြောင့်ဖြစ်ပါတယ်။

ကျွန်တော်တို့  Acroquest မှာဆိုရင် Package name ကို jp.co.Acroquest ဆိုပြီးပေးပါတယ်။ ဘာကြောင့်လဲဆိုရင် Acroquest ရဲ့ domain name က acroquest.co.jp ဖြစ်ပါတယ်။

ဥပမာ

jp.co.Acroquest.project1
jp.co.Acroquest.project2

ဒါကြောင့် ဒီလို နာမည်ပေးနည်းအတိုင်းပေးမယ်ဆိုရင် package နာမည်တူမှာကိုစိုးရိမ်စရာမလိုတော့ပါဘူး

၂ . Package ကို အသုံးပြုခြင်းစည်းကမ်း

Package ကို သုံးပြီး program တစ်ခုကို တည်ဆောက်မယ်ဆိုရင် မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းတစ်ခုရှိပါတယ်

Packages ထဲမှာ အသုံးပြုတဲ့ class files တွေကို package name နဲ့ တူညီတဲ့ folder name ထဲမှာ ထားရပါမယ်။
ဒီအချက်ကတော့ file ရဲ့နာမည် နှင့် Java class ရဲ့နာမည်က တူညီရမယ်ဆိုတဲ့အချက်နဲ့တူပါတယ်။

ဥပမာ MyAp က mypackage ဆိုတဲ့ package ရဲ့class ဖြစ်တယ်ဆိုရင် MyAp က mypackage ဆိုတဲ့ folder ရဲ့အထဲမှာ ရှိရပါမယ်။ class file ရဲ့နာမည်က MyAp.class ဖြစ်ပါတယ်။

ဒါ့အပြင် မင်းက mypackage.sub လို့ ခေါ်တဲ့ package တစ်ခုကိုတည်ဆောက်မယ်ဆိုရင် မင်းက mypackage folder အောက်မှာ sub ဆိုတဲ့ folder တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ပြီးတော့ Package နာမည်အစဉ်အတိုင်း folder ကိုတည်ဆောက်ဖို့ လိုပါတယ်။

Mypackage folder ကဘယ်မှာတည်ရှိတယ်ဆိုတာအရေးမကြီးပါဘူး mypackage ရှိတဲ့ folder ကို လမ်းကြောင်းပေးလိုက်ရင်ရပါပြီ။

ဒါကိုနည်းနည်းခက်တယ်လို့ ထင်ပါသလား ? ထင်သလောက်တော့သိပ့်မခက်ခဲပါဘူး။ package အဆင့်ဆင့်နှင့် folder ပုံစံကို ဒီနည်းအတိုင်း ပြုလုပ်ခြင်းအားဖြင့် source file တွေကို folder တွေထဲ့မှာ ခွဲထားခြင်းအားဖြင့် နောက်တစ်ချိန် သူတို ကို အလွယ်တကူစီစဉ်လို့ ရပါတယ်။

၃. ဥပမာ Package

ကဲ package ကို ကြိုးစားပြီး သုံးကြည့်ရအောင်။

List 1-3 အတိုင်း MyMain, MyAp and MySub ဆိုတဲ့ class သုံးခုပြုလုပ်ကြရအောင်။
List 1 - MyMain.java

import mypackage.MyAp;
import mypackage.sub.SubAp;

public class MyMain
{
public static void main(String[] args)
{
MyAp ap = new MyAp();
SubAp subap = new SubAp();
ap.print();
subap.print();
}
}

List 2 - MyAp.java

package mypackage;

public class MyAp
{
public MyAp()
{
System.out.println("Invoke mypackage.MyAp!");
}

public void print()
{
System.out.println("mypackage.MyAp.print()!");
}
}

List 3 - SubAp.java

package mypackage.sub;

public class SubAp
{
public SubAp()
{
System.out.println("Invoke mypackage.sub.SubAp!");
}

public void print()
{
System.out.println("mypackage.sub.SubAp.print()!");
}
}

အထက်မှာရှင်းပြခဲ့တဲ့ ပုံစံအတိုင်း source file တစ်ခုခြင်းကို folder ထဲမှာပြုလုပ်ကြရအောင်။

C:\work ရဲ့အောက်မှာ MyMain.java ကိုထားပါ။ MyAp.java က mypackage ဆိုတဲ့package ရဲ့ class ဖြစ်ပါကြောင့် mypackage ဆိုတဲ့ folder အောက်မှာ MyAp.java ကိုထားပါ။ SubAp.java က mypackage.sub ဆိုတဲ့package ရဲ့ class ဖြစ်ပါကြောင့် sub ဆိုတဲ့ folder အောက်မှာ SubAp.java ကိုထားပါ။

lesson13a

Source file က အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် source file ကို compile လုပ်ပါ။

တကယ်လို့  source files တွေက folder တွေမှာ ပါနေခဲ့မယ်ဆိုရင် main ဒါမှမဟုတ် အောက်မှာဖော်ပြထားတဲ့အတိုင်း folder တစ်ခုခြင်းစီကို compile လုပ်ဖို့ လိုအပ်ပါတယ်။
(အခုcompile လုပ်ကြည့်ကြမလား)

lesson13b
lesson13c

(မင်း class သုံးခုကို compile လုပ်ကြည့်ပေးပါလား)

တကယ်လို့ class file တစ်ခုခြင်းက အောက်ဖော်ပြ ပါ folder ပုံစံအတိုင်း ရှိနေခဲ့မယ်ဆိုရင်တော့ compile လုပ်တာအောင်မြင်ပါပြီ။

lesson13d

Class သုံးခုကို run လုပ်ကြည့်ရအောင်။
Execution class က main method ရှိတဲ့ MyMain class ဖြစ်ရပါ့မယ်။

lesson13e

မင်း program ရောကောင်းကောင်းအလုပ်လုပ်ရဲ့လား

MyMain class ရဲ့ main method ဧ။် ပုံစံကိုလေ့လာကြည့်ရအောင်။ ပထမဆုံး MyAp class ဆိုတဲ့ class အသစ်တစ်ခုပြုလုပ်ကြမယ်။ Class တစ်ခုတည်ဆောက်တဲ့အခါမှာ တူညီတဲ့ package အောက်မှာ java က new class ကိုရှာတယ်။ MyAp class နှင့် MyMain class ကမတူညီတဲ့ package ထဲမှာရှိနေသော်လည်းဘဲ သူတို့ ကို import လုပ်ပေးဖို့ လိုအပ်ပါတယ်။

import mypackage.MyAp;

import” စာကြောင်းကြောင့် mypackage folder အောက်မှာရှိတဲ့ MyAp.class ကို Java ကတွေ့ နိုင်ပါတယ်။

ဒုတိယအနေနဲ့  SubAp clas ဆိုတဲ့ class အသစ်ကို အသစ်တည်ဆောက်ပါ့မယ်။
SubAp class အတွက်ဆိုရင် MyAp class အတိုင်းဘဲ import စာကြောင်းကို SubAp class မှာရေးခြင်းအားဖြင့် Java က MyAp ကိုသိပြီး mypackage.sub ဧ။် folder အောက်မှာရှိတဲ့ SubAp ကိုညွန်ပြပေးပါတယ။်

import mypackage.*;
import mypackage.sub.*;

အကျဉ်းချူပ်
၁. “package ဆိုတာဘာလဲ” နှင့်ပတ်သတ်ပြီး သိနားလည်စေရန်
၂. Package ကိုအသုံးပြုပြီး class ကို ဘယ်လိုပြင်ဆင်ရမလဲနှင့်ပတ်သတ်ပြီး နားလည်စေရန်
၃. Package name နှင့် folder name ကို နာမည်တူပေးဖို့ လိုအပ်တယ်ဆိုတာ နားလည်စေရန်
၎. Package အဆင့်အဆင့်ပြုလုပ်ပုံကို နားလည်စေရန်

ကဲ lecture ကဒီလောက်ပါဘဲ။ Package က သေချာတဲ့အဆင့်ထက်ကျော်လွန်တဲ့ software ကိုဖန်တီးဖို့ အရမ်းအသုံးဝင်ပါတယ။် လူတိုင်း package ရဲ့အကျိုးကျေးဇူးကိုအသုံးချပြီး ကောင်းမွန်တဲ့ class structure ကို ပြုလုပ်ကြပါစို့ 

ဆက်ရန် => (သင်ခန်းစာ ၁၄ : Deal with the exception)


Check our Facebook Page!