[သင်ခန်းစာ – ၁၂] class path ကို နားလည်ခြင်း

[သင်ခန်းစာ - ၁၂] class path ကို နားလည်ခြင်း

ဒီသင်ခန်းစာမှာတော့ class path အကြောင်းကို ရှင်းပြသွားမှာပါ။

Class path ကို နားလည်တယ်ဆိုရင် အခြား programmer တွေ create လုပ်ထားတဲ့ class တစ်ခုကို အသုံးပြုဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မှာပါ။

ကိုယ်ကိုယ်တိုင်programming ကို မရေးပဲနဲ့လည်း software ကောင်းတစ်ခုကို develop လုပ်နိုင်ပါတယ်။အကြောင်းပြချက်ကတော့ class များကို အသုံးပြုချင်းအတွက် အကျိုးကျေးဇူးကို ခံစားရမှာပါ။(ဒါမှမဟုတ် အဆင်ပြေတယ်လို့ ထင်ကြမှာပါ။)

အဲဒါကြောင့် sample program အတွက် စီစဉ် ထားပါတယ်။
ClassPathTest.java နဲ့ ClassPathTest2.java ဆိုပြီး နှစ်ခု ရှိပါတယ်။

ClassPathTest.java

public class ClassPathTest

{

    public static void main(String[] args)

    {

        ClassPathTest2 hoge2 = new ClassPathTest2();

    }

}

ClassPathTest2.java

public class ClassPathTest2

{

    public ClassPathTest2()

    {

        System.out.println("ClassPathTest2() is called.");

    }

}

အခုတွေ့ ရတဲ့ အတိုင်း ဒီ program မှာ ClassPathTest class မှ ClassPathTest2 class ရဲ့ instance တစ်ခုကိုသာ ပြုလုပ်ပါတယ်။

အခုက အရမ်းကို ရိုးရှင်းတဲ့ program တစ်ခု ဖြစ်ပါတယ်။

ပထမဆုံး folder တစ်ခုထဲမှာ file နှစ်ခုကို ထည့်လိုက်ပါ။ ပြီးတော့ compile လုပ်ပြီး execute လုပ်ပေးပါ။

messagedisplay5

မျှော်လင့်ထားတဲ့ အတိုင်း Screen မှာ “ClassPathTest2() is called” ဆိုတဲ့ စာသားကို ပြပါလိမ့်မယ်။ပြီးတော့ လက်ရှိ folder ရဲ့အောက်မှာ အခြား folder တစ်ခုကို create လုပ်လိုက်ပါ။ပြီးရင် ClassPathTest2 ရဲ့ class file နဲ့ source file ကို ဒီfolder ထဲကို ရွေ့ လိုက်ပါ။(အဲလိုရွေ့ တဲ့အခါ Explorer ကိုသုံးပြီးရွေ့ ပေးရပါမယ်။)

အဲဒီ့နောက်မှာတော့ ClassPathTest.class ကို ထပ်ပြီး execute လုပ်ပေးရပါမယ်။

messagedisplay6

အဲဒီ့အခါမှာ “ClassPathTest2 was not found” ဆိုတဲ့ Error message ကို ပြပါလိမ့်မယ်။

Compile လုပ်ရင်ရောအဆင်ပြေပါ့မလား။

messagedisplay7

messagedisplay8

Compile က fail ဖြစ်နေတာကိုတွေ့ရမှာပါ။

ပြသာနာက ClassPathTest2 class ကိုရှာလို့မတွေ့တာပဲဖြစ်ပါတယ်။

အလားတူ error message ကို သင်ခန်းစာ ၁၀ မှာလည်းတွေ့ခဲ့ဖူးပါတယ်။

ပြောရရင် HDD(hard disk) ထဲမှာ ClassPathTest class ကအသုံးပြုထားတဲ့ ClassPathTest2 ကို Java Command နဲ့ Javac Command နှစ်ခုလုံးက မရှာပေးပါဘူး။ အဲဒီလိုမျိုး ပြုလုပ်ရင် အချိန်တိုင်း instance အသစ်ကို create လုပ်ပေးပြီး HDD ကို access လုပ်ပေးရတဲ့အတွက် လုံလောက်တဲ့ လုပ်ဆောင်ချက်ကို မလုပ်နိုင်ပါဘူး ။

အဲဒါကြောင့် user ကနေ class file ရှာပေးနိုင်ဖို့ နေရာတစ်ခုကို သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။

Class pathကို သတ်မှတ်ပေးဖို့ method နှစ်ခု ရှိပါတယ်။

ပထမ တစ်ခုကတော့ environment variable ကို အသုံးပြုတဲ့ method နဲ့ classpath option ကို အသုံးပြုတဲ့ method ပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာ environment variable ကို အသုံးပြုတဲ့ method နဲ့ compile ထပ်လုပ်ကြရအောင်။

ဒီ environment variable ရဲ့ setting က “set” ဆိုတဲ့ command ကို အောက်ပါအတိုင်း အသုံးပြုပါတယ်။

messagedisplay9

ဒီ command က environment variable ဖြစ်တဲ့ CLASSPATH ကို လက်ရှိ folder(.) နဲ့ လက်ရှိ folder ရဲ့ အောက်မှာ ရှိတဲ့ “another” folder အဖြစ်ကို သတ်မှတ်ပေးပါတယ်။

လက်ရှိ folder ဆိုတာကို နားလည်ကြရဲ့လား ?

လက်ရှိ folder ဆိုတာက အခု လက်ရှိ အလုပ်လုပ်နေတဲ့ java class file တွေရှိနေတဲ့folder ကိုပဲ ပြောတာ ဖြစ်ပါတယ်။အခု အခြေအနေမှာဆိုရင် ClassPathTest.java ရှိနေတဲ့ folder ပဲဖြစ်ပါတယ်။

ပြီးရင်တော့ ClassPathTest.java ကို compile လုပ်ကြည့်ပါမယ်။

messagedisplay10

messagedisplay11

အခု မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်နေတာကိုတွေ့ ရမှာပါ။

Javadoc command က Class path အနေနဲ့ “other” setting အားဖြင့် အခြား folder အောက်မှာ ClassPathTest2.class ကို ရှာဖို့ ဖြစ်နိုင်မယ် ထင်ပါတယ်။

ပြီတော့ အဲဒါဆို ပုံမှန်လုပ်ဆောင်နိုင်ပါ့မလား ?

messagedisplay12

လက်တွေ့ စမ်းသပ်မှုမှာလည်း အောင်မြင်သွားပါပြီ။ Class ထဲမှာ ထည့်ဖို့ folder အများကြီးကို ပိုင်းလိုက်တဲ့အခါ class path အားလုံးကို သတ်မှတ်ပေးရပါမယ်။

အဲလို အခက်အခဲဖြစ်စေတဲ့ အရာကို မလုပ်ချင်ရင်တောင် အားလုံးကို folder တစ်ခုထဲမှာ ထည့်ပေးနိုင်ပါတယ်။

အဲလို ပြုလုပ်ပေးမယ်ဆိုရင် အခက်ဖြစ် စေတဲ့အရာတွေကို ပြုလုပ်ပေးစရာ မလိုတော့ဘဲ စနစ်တကျ ဖွဲ့ စည်းဖို့ အတွက် ခွဲခြားဖို့  အမှန်တကယ် အဆင်ပြေစေမှာပါ။

အခု class file တစ်ခုနှစ်ခုသာရှိတယ်ဆိုပေမဲ့ တကယ့် software မှာဆိုရင်တော့ class file ၁၀ခု ဒါမှမဟုတ် ၂၀ လောက် create လုပ်ဖို့လိုပါတယ်။ အခြား software က အသုံးပြုတဲ့ Common external library လိုမျိုး class ကို လိုချင်တယ်ဆိုရင်တော့ အဖွဲ့အစည်းအတွက် ထည့်ပေးဖို့  directory ကို ခွဲခြားပေးတာက ပိုကောင်းပါတယ်။

အခု လက်တွေ့ နည်းနည်းလုပ်ကြည့်ရအောင်။

“another2”ဆိုတဲ့ folder နဲ့ “ClassPathTest2.java” ဆိုတဲ့ fileကို ပြုလုပ်ပေးပါ။(file နာမည်တူတာ တစ်ခုကိုလည်း “another”ဆိုတဲ့ folder အောက်မှာ ထည့်ပေးပါ။)

ClassPathTest2.java ကို အောက်ပါအတိုင်းမြင်တွေ့ ရပါလိမ့်မယ်။

public class ClassPathTest2

{

    public ClassPathTest2()

    {

        System.out.println("ClassPathTest2() is called.");

        System.out.println("This class is in another2.");

    }

}

ClassPathTest2.java ထဲကို message တစ်ခု ထည့်ပေးလိုက်ပါမယ်။

ပြီးတော့ compile လုပ်ပေးပါ။

messagedisplay13

တစ်ဆက်ထည်း ClassPathTest class ကိုလည်း execute လုပ်ပေးကြပါစို့။

messagedisplay14

အောက်မှာပြထားတဲ့ CLASSPATH environment variable ကို ပြောင်းပြီး ClassPathTest class ကို execute လုပ်ပေးလိုက်တဲ့ အခါ အဲဒါက ဘယ်လိုပိတ်သွားလဲဆိုတာ သိရမှာပါ။

messagedisplay15

အဖြေပြောင်းသွားတာကို တွေ့ ရမှာပါ။ ဒီလိုclass path ရဲ့ setting နဲ့ တူညီတဲ့ ClassPathTest class ရဲ့ အဖြေကို ပြောင်းနိုင်ပါတယ်။

Class setting အနေနဲ့ program ရဲ့ ရွေ့လျားမှုကို အမှန်တော့ မပြောင်းနိုင်ပါဘူး။ Environent variable နဲ့ class path option ကို ဂရုမစိုက်ရင် အခြား class က excutes လုပ်ရင် အခက်အခဲ ရင်ဆိုင်ရပါလိမ့်မယ်။

နောက်ထပ်အနေနဲ့ classpath နဲ့ အစဉ်အတိုင်း အလားတူ ပြသာနာဖြစ်လာနိုင်တဲ့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

အောက်မှာရှိတဲ့ pattern နှစ်ခုကြားမှာ မတူညီတဲ့ အချက်တွေ ရှိပါတယ်။

[Pattern1]

messagedisplay16

[Pattern2]

messagedisplay17

“another” ဆိုတဲ့ folder ထဲမှာရှိတဲ့ ClassPathTest2 class ကို Pattern1 ကခေါ်ပါတယ်။

ဒါပေမယ့် “another2” folder ထဲက ClassPathTest2 class ကတော့ Pattern2 ကခေါ်ပါတယ်။

တခြားနည်း ပြောရရင် class path တစ်ခုက ပေးထားတဲ့ priority ကို သတ်မှတ်ပေးထားပါတယ်။

….အကျဉ်းချုပ်….

၁။ class path တွေကို အသုံးပြုတဲ့အခါမှာ folder တွေ အများကြီးထဲက class တွေကို အသုံးပြုလို့ရပါတယ်။

၂။ class path ကို design ဆွဲထားတဲ့ အစီအစဉ်အရ class တွေကို execute လုပ်မယ့် ဦးစားပေးလို့ရပါတယ်။

အခု class path ရဲ့ setting ကို လေ့လာခဲ့ကြပါတယ်။ နောက်တစ်ခါ package အကြောင်းကို လေ့လာမှာ ဖြစ်ပါတယ်။ Class path နဲ့ package ကို နားလည်ရင် class file အရေအတွက်ကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ အခြား programmer တွေ create လုပ်ထားတဲ့ class တွေကိုလည်း အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နောက်ထပ် သင်ခန်းစာကို စောင့်မျှော်ပေးကြဖို့ မျှော်လင့်ပါတယ်။

အဲဒါဆိုရင် တကယ့် Java Programming အစစ်ကို ပြုလုပ်နိုင်ကြပါလိမ့်မယ်။

နောက်ထပ် ထပ်တွေ့ကြမယ်နော်။

ဆက်ရန်။ (သင်ခန်းစာ ၁၃) Package အကြောင်းနားလည်စေရန်


Check our Facebook Page!