[သင်ခန်းစာ – ၈] – println ဆိုတာ ကိုနားလည်အောင်လုပ်ကြမယ်။

[သင်ခန်းစာ - ၈] - println ဆိုတာ ကိုနားလည်အောင်လုပ်ကြမယ်။

အခု အချိန်အထိ program တွေထဲမှာ println ဆိုပြီးတော့ သုံးခဲ့ကြပါတယ်။

အဲဒီ့ println ဆိုတာဘာလဲ။

မှတ်ချက်။ println သုံးဖူးတဲ့ အတွေ့အကြုံရှိဖို့လိုပါတယ်။

အရင် သင်ခန်းစာတုန်းက သိခဲ့တာကို review ပြန်လုပ်ကြည့်ရအောင်။

“HelloWorld” program နဲ့ဆို အဆင်ပြေမယ်လို့ထင်ပါတယ်။

public class HelloWorld

{

    public static void main(String[] args)

    {

        System.out.println("Hello Java World !");

    }

}

 

ဒီ program ထဲမှာဆိုရင်

println ထဲမှာ character String စာကြောင်းတွေကို ပြောင်းပြီးတော့ output ပြခဲ့ကြတယ်။ println ကိုသုံးပြီးတော့ပဲ

variable ထဲမှာ သိမ်းထားတဲ့ တန်ဖိုးကိုလဲ output ပြခဲ့ကြတယ်။

ဘာလို့ printlnက ဒီလိုမျိုး လုပ်နိုင်တာလဲ။

အဓိက အချက် အနေနဲ့ System.out.println() ကြောင့်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ဒါဆို ဒီစာကြောင်းက ဘာအဓိပ္ပာယ်လဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အတိုချုပ် ပြောရရင်တော့ ဒီcoding စာကြောင်းက method ၁ခု ပါပဲ။ Method ဆိုတာ functionနဲ့အဓိပ္ပာယ်အတူတူပါပဲ။

Programming language (ဥပမာ. C language) မှာ function လို့ခေါ်တဲ့ အရာကို Java မှာဆိုရင် method လို့သုံးကြပါတယ်။

ဒါဆို programming သဘောတရားအရ function လို့ပဲ သုံးကြရအောင်။

ဒါဆို function ဆိုတာကရော ဘယ်လိုမျိုးအရာလဲ။

Function လို့ ကြားလိုက်တာနဲ့ ဘာလိုပြေးမြင်မိကြလဲ။

ဒီစကားလုံးကို ရင်းရင်းနှီးနှီး ကြားဖူးတယ်လို့ ခံစားရမှာပါ။

ဟုတ်ပါတယ်။ ငယ်ငယ်တုန်းက သချာင်္သင်ခန်းစာတွေမှာ ကြားခဲ့မှာဖူးပါ။

သချာင်္လို့ ပြောလိုက်လို့ စိတ်အနှောက်အယှက်ဖြစ်မသွားပါနဲ့အုံး။

ဘာလို့လဲဆိုတော့ programming function မှာသချာင်္င်္သင်ခန်းစာတွေလိုရှုပ်ယှက်ခတ်တဲ့ formula တွေ မကျက်ရလို့ပါပဲ။

ဒါဆို သချာင်္မှာ function ကဘာလိုဆိုလိုတယ် ဆိုတာ တစ်ချက်ပြန်ကြည့်ရအောင်။

အောက်မှာ ရှိတဲ့ ဥပမာကို ကြည့်ကြည့်ပါ။

y=2*x

*” ရဲ့ အဓိပ္ပါယ်ကတော့ ဂဏန်းနှစ်ခုကို မြှောက်တာပါ။ အရင်သင်ခန်းစာမှာ သိခဲ့ပြီးသားပါ။

ညီမျှခြင်းရဲ့ ညာဘက်မှာ ရှိတဲ့ “2*x” ဆိုတာ x ကို၂နဲ့ မြှောက်ထားတာပါ။ “y” ကတော့ မြှောက်လို့ရလာတဲ့ အဖြေကို သိမ်းထားတယ်ဆိုတဲ့ သဘောပါ။ အဲဒီ formula ကို အောက်ကလိုပဲ လုပ်ကြည့်လိုက်မယ်။

f(x) = 2*x …(1)

y=f(x) …(2)

f(x)?

ဘာလဲဆိုပြီး မမှတ်မိလို့ ခေါင်းရှုပ်မသွားပါနဲ့အုံး။

ဘာလို့လဲဆိုတော့ y=2*x ဆိုတဲ့ ပုံစံမျိုးပဲ ငယ်ငယ်တုန်းက သုံးခဲ့ကြတာ မဟုတ်လား။

ဒီဟာကို သေသေချာချာနားလည်ဖို့ အရင်ဆုံး အစားသွင်းပြီး သုံးတာကို စိတ်ထဲမထားပါနဲ့။

ကဲ ဒါဆိုရင် (၁) မှာ ရေးထားတဲ့ “2*x” က f(x) လို့ မှတ်ထားလိုက်ပါ။

f(x) ထဲမှာရှိတဲ့ “x” နေရာမှာ ကြိုက်တဲ့ ဂဏန်းအစားသွင်းကြည့်လို့ ရပါတယ်။

အစားသွင်းလိုက်တဲ့ ဂဏန်း ကို၂ နဲ့မြှောက်ပြီးf(x) ရဲ့ ကိုအဖြေထုတ်ပေးမှာပါ။

(၂) ကတော့ ရလာတဲ့ တန်ဖိုးကို “y” ဆိုတဲ့ထဲမှာ အစားသွင်းလိုက်တာပါ။

ဥပမာအနေနဲ့ ပြောရရင် “x” နေရာမှာ ၅ အစားသွင်းလိုက်တယ်ဆိုပါစို့။

ဒါဆို အဖြေဘယ်လောက်ရမလဲ။

(၁)မှာ အစားသွင်းကြည့်မယ်ဆိုရင် f(5) ဖြစ်တဲ့ အတွက်ကြောင့် “2*5” ဆိုပြီး “10” ဆိုတဲ့ အဖြေကို ရမှာပါ။

တကယ်လို့ function ထဲမှာ “x”(input) ကိုအစားသွင်းခဲ့ရင် “y”(output) ဆိုတဲ့ အဖြေကို ရတယ်။

Function ဆိုတာကတော့ အမြဲတမ်း “x” ဆိုတဲ့ နေရာကို အစားသွင်းလိုက်ရင် “x” ကို သုံးပြီး Formula အတိုင်း တွက်ချက်တဲ့ အလုပ်ကို လုပ်တယ်။

ဆိုလိုချင်တာကတော့ Programming language မှာသုံးတဲ့ function ကလဲ သချာင်္မှာသုံးတဲ့ function လိုပဲ output အတူတူထုတ်ပေးတယ်ဆိုတာပါပဲ။

println() ဆိုပြီး အရှေ့က lecture တွေမှာ အကြိမ်ပေါင်းများစွာသုံးခဲ့ကြပါတယ်။ အဲဒီ့ println() ဆိုတာကတော့ “()” ထဲကို ထည့်လိုက်တဲ့ input မှန်သမျှကို

output ထုတ်ပေးတဲ့ function တစ်ခုပါပဲ။

အခုလိုရှင်းပြလိုက်တော့function(method) ကိုပိုနားလည်သလိုလိုရှိလာတယ်မထင်မိဖူးလား။

အခု println() အကြောင်းကို အောက်မှာ ရေးထားတဲ့ Input-Process-Output ပုံစံနဲ့ ထပ်ပြီး ရှင်းပြပါမယ်။

၁။ စကားလုံးတစ်ခုခုကို println() မှာ အစားသွင်းကြည့်ပါ……<input>

၂။ Computer ကစကားလုံးတွေကို စက်ပစ္စည်းတစ်ခုနားလည်တဲ့

ဘာသာအနေနဲ့ ပြောင်းလိုက်ပါတယ်….<Process>

၃။ နောက်ဆုံးမှာတော့ အဖြေကို screen ပေါ်မှာ ထုတ်ပြတယ်….<Output>

သခ်ာၤမွာ ရွိတဲ့ function အတြက္ဆုိရင္လဲ.

၁။ x နေရာမှာ ၅ ကို အစားသွင်းတယ်….<Input>

၂။ xကို ၂ဆဖြစ်အောင်တွက်မယ်….<Process>

၃။ အဖြေကို y ကို output ထုတ်တယ်….<Output>

အခုအပေါ်မှာရှင်းပြထားတဲ့ အချက်တွေကို ကြည့်ရင် program မှာ အရေးအကြီးဆုံး အစိတ်အပိုင်း ၃ခု ရှိတယ်ဆိုတာကို

နားလည်ထားဖို့လိုအပ်ပါတယ်။ဒါဆုိ သခ်ာၤမွာ ရွိတဲ့function နဲ့ Java Programming မွာရွိတဲ့မွာ ရွိိတဲ့ functionနဲ့ အတူတူပဲ

ဆိုတာကိုနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။

Java language မှာရှိတဲ့ functionကတော့ screen ပေါ်မှာစာတွေအပြင် တခြား output တွေကိုလဲ ထုတ်ပေးနိုင်ပါတယ်။

 

Java မှာ စာတွေကို output ထုတ်ပေးနိုင်တဲ့ printlnဆိုတဲ့ function တစ်ခုထဲ မဟုတ်ပဲ စာကြောင်းမှာ ရှိတဲ့ စကားလုံးဘယ်နှစ်ခုရှိတယ်

ဆိုတာ ရေတွက်ပေးတဲ့ count function တွေ square root (√) ရှာပေးတဲ့ function တွေ button တွေနဲ့ ပတ်သက်တဲ့ function တွေ

အများကြီးရှိပါသေးတယ်။

Java မှာ method တွေကို ဘယ်လိုအသုံးပြုလဲ ဆိုတာကို Java platform API specifications

Document ထဲမှာ အကုန်ရေးထားပါတယ်။ (API reference ဆိုပြီး လူသိများပါတယ်။)

အခုနောက်ပိုင်းမှာတော့ Internet မှာJava APIနဲ့ ပတ်သက်တာတွေကို

လွယ်လွယ်ကူကူလေ့လာနိုင်ပါတယ်။

Internet မှာ download လုပ်လို့ရပေမယ့် download file ကတော့ size ကြီးပါတယ်။

API နဲ့ ပတ်သက်တာတွေကတော့ နောင်တစ်ချိန်မှာ မရှိမဖြစ်လိုအပ်လာမယ့် အရာပါ။
--> JAVA SE API document

http://www.oracle.com/technetwork/java/api-141528.html

--> The page that can download JAVA SE API specifications document.

http://www.oracle.com/technetwork/java/javase/documentation/java-se-7-doc-download-435117.html

“The page that can download JAVA SE API specifications document” မှာရှိတဲ့ link ကို click လိုက်ရင် ပုံမှာမြင်ရတဲ့ website ကို တွေ့ရမှာပါ။

Next Page


Check our Facebook Page!