[သင်ခန်းစာ – ၅] – “Hello Java World!” ကိုနောက်ပုံစံ တစ်မျိုးနဲ့ ရေးကြည့်ရအောင်။

[သင်ခန်းစာ - ၅] -  “Hello Java World!” ကိုနောက်ပုံစံ တစ်မျိုးနဲ့  ရေးကြည့်ရအောင်။

Programming က ပျော်စရာကောင်းတယ်လို့ မထင်မိကြဘူးလား။ ဒါဆို အဲဒီ အတိုင်းလေးပဲ ဆက်သွားကြရအောင်။

ပြုလုပ်ရန်။ “Hello World” program ကိုပြင်ပြီး run ကြည့်မယ်။

“Hello World” program ပုံမှန်အတိုင်း အလုပ်လုပ်ပါသလား။

Coding တွေ ရေးရင်း ရေးရင်းနဲ့ program အတွက် Coding ရေးရတာကို စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ သိလာမှာပါ။ Program တွေကို တစ်ခုပြီးတစ်ခု စမ်းရေးချင်တဲ့ စိတ်တွေ ပေါ်လာပါလိမ့်မယ်။

Program ကို တကယ် စိတ်ဝင်စားရင် Program အကြောင်း ပိုနားလည်ပြီး Coding ရေးရတာကို အရသာတွေ့လာပါလိ့မ်မယ်။

ဒီသင်ခန်းစာမှာတော့ Coding နဲ့ ပတ်သက်ပြီး ကောင်းကောင်းရေးနိုင်မယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင် သင်ပေးသွားမှာပါ။

ကဲ ဒါဆို စလိုက်ရအောင်။

“Hello World” program ကို “Hello Java World!” ဆိုတဲ့ စာပြောင်းချင်ရင် println ဆိုတဲ့ စာကြောင်းမှာ အစားထိုးလိုက်တာနဲ့ မြင်ရမှာပါ။

အောက်မှာ ရှိတဲ့ ပုံစံအတိုင်းရေးလို့ ရပါတယ်။ ရေးပြီးသွားရင်တော့ ဘယ်လို output ထွက်လဲ ကြည့်ကြည့်တာပေါ့။

public class Hello World

{

       public static void main(String[]args)

      {

             String message; message = "Hello Java World ! ";

             System.out.println(message);

        }

}

ဒီ Coding လေးကို Compile လုပ်လိုက်ရင် အောက်မှာမြင်ရတဲ့ အတိုင်း Screen ပေါ်မှာ မြင်ရမှာပါ။

Program ထဲမှာ ရေးထားတဲ့ ပုံစံက ပြောင်းသွားပေမယ့် Screen ပေါ်မှာ မြင်ရတာကတော့ အတူတူပဲဆိုတာကိုတွေ့ကြမှာပါ။

ဒါဆို Coding ထဲမှာ ဘာတွေ ပြောင်းသွားလဲဆိုတာကို ယှဉ်ကြည့်ပါ။

ယှဉ်ကြည့်လို့ ပြီးသွားပြီလား။

Line တွေ တိုးလာတာကို သတိထားမိမှာပါ။ ပြီးတော့ println ကိုသုံးတဲ့ ပုံစံလဲ ပြောင်းသွားပါတယ်။ အရင်ဆုံး မရှင်းပြခင်မှာ program မှာ comment တွေရေးထားဖို့လိုပါတယ်။(Comment ဆိုတာ program နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကို မှတ်ထားတာကို ခေါ်ပါတယ်။

၁. ပြောင်းလိုက်တဲ့ စာကြောင်းကို output ပြခြင်း

ဘာတွေ ပြောင်းလဲသွားတာလဲ။ စစချင်းတော့ နားလည်ရ ခက်ပါတယ်။

Println ရဲ့ “Hello Java World!” ဆိုတဲ့ နေရာမှာ “message” ဆိုပြီး ပြောင်းသွားပါတယ်။

သင်ခန်းစာ ၁-၅ အထိ သိခဲ့ကြတာက println ရဲ့ ကွင်းစ ကွင်းပိတ်မှာ ရှိတာကို မြင်ရတယ်လို့ပဲ သိခဲ့တာပါ။ ဒါဆို အခု “message” လို ရေးထားပေမယ့် ဘာလို့ ရေးထားတဲ့ အတိုင်း မပေါ်တာလဲ။

၂. Output အတွက် String ကြော်ငြာခြင်း

ဒီ message ကို Line မှာ အရင်ဆုံးမြင်ရလား ဆိုတာ ရှာကြည့်ပါ။ အဲ့ဒီ့ line က ဘာကိုဆိုလိုတာလဲ။ အဲဒီ့ line မှာ “message” လို့ခေါ်တဲ့ variable ကို String ပုံစံနဲ့  ကြော်ငြာလိုက်တာပါ။

ရိုးရိုးရှင်းရှင်းနားလည်အောင် ပြောရမယ်ဆိုရင် computer ကို “message” လို့ခေါ်တဲ့ string တွေ သိမ်းလို့ရတဲ့ variable တစ်ခု ပေးပါဆိုပြီး တောင်းလိုက်တာပါ။

ပိုရှုပ်သွားပြီလား။ သေချာပြန် ရှင်းပြပါ့မယ်။

အရင်ဆုံးအနေနဲ့ variable ကိုရှင်းပြပါမယ်။ “variable” ဆိုတာက သိမ်းထားချင်တဲ့ data တွေကို ခဏမှတ်ထားပေးတဲ့ နေရာလေးပါ။

ဒါဆိုရင် “message” က ဘာလဲ။

“Variable” ကို သုံးတော့မယ်ဆိုရင် computer ကို ကိုယ်သုံးချင်တဲ့ variable နေရာလေးကို name သတ်မှတ်ပြီး ပြောပြရပါတယ်။ ဒါကို “variable declaration” (variable ကြော်ငြာတယ်) လို့ခေါ်ပါတယ်။

ဒီ program ထဲမှာတော့ computer ကို “message” လို့ခေါ်တဲ့ “variable” ကို သုံးမယ်လို့ ပြောလိုက်ပါတယ်။

အခု “type” ကို ရှင်းပြပါမယ်။

“variable” ကို “declare” လုပ်တဲ့ အခါမှာ ဘယ်လို “variable” ကို သုံးမယ်ဆိုတာကို သတ်မှတ်ပေးဖို့ လိုပါတယ်။

ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ခွက်လေးတစ်ခွက်ဆိုတဲ့ “variable” ရှိပါတယ်။ အဲဒီ့ ခွက်ထဲကို ထည့်မယ်။ ကိုယ် ဘာထည့်မှာလဲ

ဆိုပြီး သတ်မှတ်ပေးဖို့ လိုပါလိမ့်မယ်။

ရေထည့်မယ်ဆိုရင် ရေခွက်ဖြစ်မယ်။ ကော်ဖီ ထည့်မယ်ဆိုရင် ကော်ဖီခွက်ဖြစ်လာမယ်။

အဲဒီသဘောပါပဲ။

Java မှာ ရှိတဲ့ common type တွေကတော့

၁။ String type: String (စာကြောင်းတွေကို သိမ်းလိုတဲ့ variable type)

၂။ Integer type: int (number တွေကို သိမ်းတဲ့ variable type)

၃။ Decimal type: float(decimal number တွေကို သိမ်းတဲ့ variable type)

ဒီ type ၃ မျိုးကို အရင်မှတ်ထားပါ။ အသုံးများတဲ့ type ၃ ခုပါ။

ဒါဆို နံပါတ် ၁ မှာပြောခဲ့တဲ့  အဓိပ္ပါယ်ကို သဘောပေါက်လောက်ပါပြီ။

String type နဲ့ “message” ဆိုတဲ့ variable တစ်ခုကို ကြော်ငြာလိုက်တာပါ။

အခုနားလည်သွားဆိုရင် Coding ကိုရေးရတာပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။

အဲ ဒါကြောင့်အစကတည်းကသေချာနားလည်အောင်လုပ်စေချင်ပါတယ်။

(သေချာနားလည်ထားတယ်ဆိုရင် ဒီ variable ကိုသုံးတဲ့ အခါ ပိုနားလည်လာပါလိမ့်မယ်။)

၃. String ကို Output ထုတ်ခြင်း

ဒီအပိုင်းကတော့ လွယ်ပါတယ်။ ကိုယ်ပြချင်တဲ့စာ နေရာမှာ variable ကို အစားသွားလိုက်ပါ။ “Hello Java World” ဆိုတဲ့ နေရာမှာ

“message” ကို အစားသွင်းလိုက်ရင် ကိုယ်လိုချင်တဲ့ output ရပါပြီ။

အဓိက သတိထားရမှာကတော့ variable မှာ ကိုယ်ပြချင်တဲ့စာ ရှိနေပါမယ်။(value လို့လဲ တစ်နည်းအားဖြင့် ခေါ်ပါတယ်။)

Println ရဲ့ “” (ကွင်းစ ကွင်းပိတ်) ထဲမှာ message ကိုထည့်ပေးဖို့လိုပါတယ်။ println function မှာ variable name ကိုရေးရုံနဲ့

variable ထဲမှာ ရှိတဲ့ data ကို ထုတ်ပြနိုင်ပါတယ်။

ဒီသင်ခန်းစာမှာ စကားလုံးအသစ်တွေ မြင်ရလို့ ခက်တယ်လို့ ထင်နေပြီလား။

ဒီသင်ခန်းစာမှာတော့ အခုသိခဲ့တာကို သုံးပြီး data သိမ်းလို့ ရတယ်ဆိုတာ သိရင်ပဲ အဆင်ပြေပါတယ်။ ကဲ ထုံးစံအတိုင်း ပြန်

အကျဉ်းချုပ်ကြည့်ဖို့ မမေ့နဲ့အုံးနော်။

အကျဉ်းချုပ်

၁. Variable ဆိုတာ

၂. Type ဆိုတာ

၃. Variable declaration ဆိုတာ

၎. Variable ထဲမှာ ရှိတဲ့ value ကို အစားသွားလို့ရတဲ့ method

[ဆက်ရန်] သင်ခန်းစာ ၆: တွက်ချက်တဲ့ program ရေးပြီး အဖြေကိုoutput ထုတ်ကြည့်မယ်။

Next page

Logout


Check our Facebook Page!