[သင်ခန်းစာ – ၄] – Program တစ်ပုဒ်၏ အဓိက အချက်များ

[သင်ခန်းစာ - ၄] - Program တစ်ပုဒ်၏ အဓိက အချက်များ

အခုဆို သင်ခန်းစာ ၄ ကိုရောက်လာပါပြီ။ အရင် သင်ခန်းစာတွေမှာ program ရဲ့အလုပ်လုပ်ပုံနဲ့ ရေးပုံရေးနည်းတွေကို နားလည်လိမ့်မယ်လို့  ထင်ပါတယ်။

ဒီသင်ခန်းစာမှာတော့ program ထဲမှာ ရှိတာတွေကို လေ့လာကြည့်ရအောင်။

မှတ်ချက်။သင်ခန်းစာ ၂နဲ့ ၃မှာ ရှိတဲ့ “HelloWorld” run ပုံကိုနားလည်ခဲ့မယ်လို့ ထင်ပါတယ်။

Programmer တစ်ယောက် Engineer တစ်ယောက် ဖြစ်ဖို့ အတွက်ဆိုရင် “input-process-output” ဆိုတဲ့ system တစ်ခုရဲ့ အခြေခံ သဘောတရားကို သိထားဖို့ လိုပါတယ်။ စစချင်းတော့ နားလည်ရခက်နေပါလိမ့်မယ်။ အဲဒါကြောင့်တစ်ပိုင်းချင်းစီကို သေချာရှင်းပြပါမယ်။

အရင်ဆုံးအနေနဲ့ “HelloWorld” program နဲ့ Javaကိုရင်းနှီးအောင် လုပ်ရအောင်။

public class HelloWorld

{

    public static void main(String[] args)

    {

        System.out.println("Hello Java World");

    }

}

ဒီ program ကို execute လုပ်ကြည့်လိုက်ရင် “Hello Java World” ဆိုတဲ့ စာကို screen ပေါ်မှာ မြင်ရမှာပါ။

ဒါပေမယ့် ဒီလိုပေါ်လာအောင် ဘယ်လိုလုပ်သလဲ။

“Hello Java World” အစား “Welcome to Java Course!” လို့ source မှာ ပြင်ပြီး compile လုပ်ပြီး run ကြည့်ရအောင်။

public class HelloWorld

{

    public static void main(String[] args)

    {

        System.out.println("Welcome to Java course!");

    }

}

Screen ပေါ်က စာပြောင်းသွားတာကို သတိပြုမိမှာပါ။

အဲဒီလို ပေါ် ဖို့အတွက်

System.out.println(“”);

ဆိုတဲ့ စာကြောင်းလေးကို သုံးပါတယ်။ ဒါဆို (“ ”) လေးထဲမှာ ရှိသမျှစာတွေ အကုန်screen ပေါ်မှာ မြင်ရတဲ့ သဘောပေါ့။

ကဲ program ရဲ့ အခြေခံ သဘောတရားကို ပြောပြပါ့မယ်။

Programmingလောကထဲမှာရှိသမျှ programs တွေဟာ data input လက်ခံမယ်။ Process လုပ်မယ်။ပြီးရင် အဖြေကို output ပြမယ်ဆိုတဲ့ အခြေခံ သဘောတရားနဲ့ အလုပ်လုပ်ပါတယ်။

Example: Windows မှာ ရှိတဲ့ Calculator က အောက်မှာရှိတဲ့ အတိုင်း အလုပ်လုပ်ပါတယ်။

၁. Input: User ရိုက်ထည့်လိုက်တဲ့ number ကို လက်ခံတယ်။

၂. Processing: တွက်ချက်ပေးတယ်။

၃. Output: အဖြေကို ပြန်ပြတယ်။

TV game မှာ ဆိုရင်လဲ

၁. Input: arrow key ရဲ့ input တွေကို လက်ခံမယ်။

၂. Processing: ရုပ်ပုံတွေက arrow key နှိပ်တဲ့ လမ်းကြောင်းအတိုင်းရွေ့နေမယ်။

၃. Output: အဲဒီရုပ်ပုံတွေ screen မှာ မြင်ရမယ်။

တစ်ခါတစ်လေ programတွေ fileတွေကနေ inputကိုယူလို့ သလို user က keyboard နဲ့mouse ကိုသုံးပြီးတော့inputထည့်ရတဲ့အခါလည်းရှိပါတယ်။

အလားတူOutput ကိုလည်း file ဒါမှမဟုတ် database ကနေပြီးoutput ပြနိုင်ပါတယ်။

※ database ဆိုတာ အလွယ်ဆုံးပြောရရင်တော့dataတွေ အချက်အလက်တွေကို သိမ်းပေးတဲ့နေရာတစ်ခုပါ။

လူသုံးများတဲ့search engine တွေဖြစ်တဲ့(Google တို့ Yahoo!တို့)မှာဆိုရင် လဲအောက်မှာရှိတဲ့အတိုင်းအလုပ်လုပ် ပေးပါတယ်။

  1. Input: browser မှာ စာရိုက်ထည့်မယ်။
  2. Processing: ရိုက်ထည့်လိုက်တဲ့ စကားလုံးနဲ့ သက်ဆိုင်တဲ့ URL ကို database ကနေထုတ်တယ်။
  3. Output: နောက်ဆုံး browser ပေါ်မှာ URL တွေကို ပြမှာပါ။

※  Browser ဆိုတာ webpage တွေကို ကြည့်လို့ရအောင် သုံးတဲ့ application ဖြစ်ပါတယ်။ Internet Explorerလို ဟာမျိုးပေါ့။

Input-process-output ဆိုတဲ့ အလုပ်လုပ်ပုံဟာ program သေးသေးပဲ ဖြစ်ဖြစ် ကြီးကြီးပဲ ဖြစ်ဖြစ် မပြောင်းလဲပါဘူး။

Program အကြီးတွေ အတွက်ဆိုရင်လဲ input-process-output ဆိုတဲ့ အလုပ်လုပ်ပုံတွေကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ Software Engineer တစ်ယောက် ဖြစ်လာပြီဆိုရင် Program အကြီးစားတွေ ရှုပ်ထွေးတဲ့ program တွေကို ရေးရတဲ့ အခါမျိုးမှာ ဒီအခြေခံ သဘောတရားနဲ့ပဲ အစီစဉ်တကျ ရှင်းရှင်းလင်းလင်း ရေးတတ်ဖို့ လိုပါတယ်။

ကဲ အခုဆိုရင် System.out.println(“Hello Java World”); ကနေပြီး output ကို ဘယ်လိုရတယ်ဆိုတာ နားလည်သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ ဒီ phrase ဟာ အခြေခံ သဘောတရား ၃ ခုထဲက တစ်ခုဖြစ်တဲ့ output ပြတဲ့ နေရာမှာ သုံးတာပါ။

အကျဉ်းချုပ်

၁. System.out.println(“”)မှာရှိတဲ့ “” ထဲမှာ စာတွေ ပြောင်းကြည့်ပါ။ (screen ပေါ်မှာ မြင်ရတဲ့ output မှာ ပြောင်းသွားပါလိမ့်မယ်)

၂. Program တစ်ပုဒ်မှာ input-process-output ဆိုတဲ့ အခြေခံ သဘောတရားနဲ့ပဲ အလုပ်လုပ်ပါတယ်။

၃. “Hello World” ဆိုတဲ့ စာကိုပြတဲ့ System.out.println က output ပြတဲ့ နေရာမှာ သုံးပါတယ်။

ဒီသင်ခန်းစာကို ဖတ်ပြီးတစ်ချို့ လူတွေက “output သိပြီ ဆိုတော့ process နဲ့ input က ဘယ်လိုလုပ်မလဲ” ဆိုပြီး တွေးလိမ့်မယ်လို့ ထင်ပါတယ်။

မလောပါနဲ့။ ဖြည်းဖြည်းပဲ လေ့လာကြတာပေါ့။ (နောက်ပိုင်းမှာ “System.in” နဲ့ “System.out”ဆိုပြီး ရောလာနိုင်လို့ ပါ)

နောက်သင်ခန်းစာကတော့ “Hello World” ရဲ့ နောက်ဆုံးအပိုင်းပဲ ဖြစ်ပါတယ်။

ဆက်ပြီးတော့ လေ့လာပါ။ အခုအချိန်ကစပြီး တကယ့် programming အကြောင်းကို လေ့လာကြရတော့မှာပါ။

[ဆက်ရန်] သင်ခန်းစာ ၅:  “Hello Java World!” ကိုနောက်ပုံစံ တစ်မျိုးနဲ့  ရေးကြည့်ရအောင်။

Next Page

Logout


Check our Facebook Page!