[သင်ခန်းစာ-၃] – Program ကို execute လုပ်ကြမယ်

[သင်ခန်းစာ - ၃] - Program ကို execute လုပ်ကြမယ်

Program အကြောင်းကိုပိုပြီးအတွင်းကျကျသိအောင်ဒီသင်ခန်းစာမှာရှင်းပြပေးထားပါမယ်

ပြီးခဲ့တဲ့သင်ခန်းစာမှာရေးခဲ့တဲ့Program ကိုကောင်းကောင်းrun လို့ ရကြလား? ကိုယ်ရေးခဲ့တဲ့

Program တစ်ပုဒ်အဆင်ပြေပြေ runလို့ ရတယ်ဆိုရင်ဘယ်သူမဆိုဝမ်းသာကြမှာပါ။

ကဲဒါဆိုဆက်ပြီးတော့programming အကြောင်းကိုလေ့လာကြည့်ရအောင်။ တကယ့်begineer တစ်ယောက်အနေနဲ့ သိသင့်တာတွေကို ဒီသင်ခန်းစာမှာ သေချာ နားလည်အောင်ရှင်းပြသွားပါမယ်။

၁။ Environment variable ကိုပြောင်းကြည့်ရအောင်

သင်ခန်းစာ”0” တုန်းက၊ environment variable “PATH”ကိုsetting လုပ်ခဲ့တာ မှတ်မိကြမှာပါ။ အခုဘာလို့ အဲဒီvariable ကိုsetting လုပ်ရလဲဆိုတာလေ့လာကြည့်ရအောင်။

ဒီenvironment variable ဘယ်လိုအလုပ်လုပ်လဲဆိုတာသိဖို့အတွက်”PATH”ကိုset မလုပ်ဘဲ စမ်းကြည့်ရအောင်။(အရေးတော့ မကြီးပါဘူး။ ဒါပေမယ့် အချိန်ရှိရင်တော့ လေ့လာစေချင်ပါတယ်)

03-1

Command promptထဲမှာ”javac”အလုပ်မလုပ်တော့တာကို တွေ့ရမှာပါ။

(ပုံမှာမြင်ရတာ ကတော့Window XP ရဲ့ command prompt ကပုံပါ)

ဒီလိုဘာကြောင့်ဖြစ်ရလဲဆိုရင်”javac”ဆိုတဲ့command ကို pc ကမသိလို့ ဖြစ်ပါတယ်

※”Command”ဆိုတာcomputer ထဲမှာအလုပ်လုပ်ဖို့အတွက် အမိန့်ပေးတဲ့စာတွေ ရိုက်ထည့်တာကိုခေါ်ပါတယ်။

ပြောရမယ်ဆိုရင်enviroment variable “PATH” ကcomputer ကို “javac”command ရှိတဲ့နေရာကိုလမ်းညွှန်ပေးတဲ့variable ပဲဖြစ်ပါတယ်။ဒီအတွက်ကြောင့်”PATH”ကို” C:\Program Files\Java\jdk1.7.0_15\bin”လိုsetting လုပ်ရခြင်းပဲဖြစ်ပါတယ်။”PATH” ကိုprogram run တဲ့အခါမှာသုံးတဲ့ “java” command ရှာတဲ့အခါမှာလည်းသုံးပါတယ်။

“PATH”အကြောင်းကိုသေသေချာချာသိချင်တယ်ဆိုရင်တော့[အပိုသိသင့်သောအချက်များ ၂-“PATH” ဆိုတာ]

အခုအချိန်ကစပြီးerror messages တွေကိုမမြင်ချင်လည်းမြင်ရတော့မှာပါ။Error message မြင်လို့စိတ်မပျက်ပါ နဲ့။Error message ကဘာကိုဆိုလိုလဲဆိုတာကို သေချာနားလည် သဘောပေါက်ဖို့လိုပါတယ်။ Errror messageကိုအကြိမ်ကြိမ် ဖတ်ကြည့်လိုက်ရင် ဒီerrorဘာကိုဆိုလိုတယ်ဆိုတာကို အနည်းဆုံး သဲလွန်စလေးတော့ရနိုင်ပါတယ်။ Error ကိုယ်ကိုယ်တိုင်မဖတ်ဘဲတစ်ခြားလူတစ်ယောက်ကိုမေးလိုက်ရင်လွယ်ပေမဲ့ကိုယ်ကိုယ်တိုင်ဘယ်လိုလုပ်ရမလဲဆိုတာဘယ်တော့မှသိမှာမဟုတ်ပါဘူး။

စစချင်းတော့နားမလည်နိုင်ပေမယ့်အလေ့အကျင့်ဖြစ်သွားမယ်ဆိုရင်တော့ဒီerrorတွေ့ရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုနားလည်သဘောပေါက်လာမှာပါ။

Javaမှာနောက်ထပ်”CLASSPATH” လို့ခေါ်တဲ့environement variable ရှိပါသေးတယ်။ ”PATH” ဆိုတာဘာလဲ သိပြီးပြီ ဆိုတော့ ”CLASSPATH”ကိုပါ လေ့လာကြည့်ရအောင်။ ”Javaကိုinstall လုပ်ကြမယ်။” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိတဲ့[အဆင့်၃]Begineer တွေမှားတတ်တဲ့environment variable ဆိုတာကိုပြန်ကြည့်ပါ။

ပြီးရင်အောက်မှာပြထားတဲ့အတိုင်းလုပ်ကြည့်ရအောင်။

Variable name: CLASSPATH

Variable value: (nothing)

Setting လုပ်ပြီးပြီဆိုရင်တော့java command ရိုက်ထည့်ပြီးprogram ကိုrun ကြည့်ပါ။

★သတိပြုရန်★

Setting လုပ်ပြီးပြီဆိုရင်command prompt ကိုတစ်ခေါက်ပိတ်ပြီးပြန်ဖွင့်ဖို့လိုပါလိမ့်မယ်။

C:\WORK>javac HelloWorld.java

C:\WORK>java HelloWorld
Exception in thread "main" java.lang.NoClassDefFoundError: HelloWorld

C:\WORK>

အခုအချိန်အထိcomplie လုပ်တာအဆင်ပြေခဲ့ပေမယ့်တစ်ခုခုလွဲလို့ error message တွေ့ ရင်တော့ စိတ်ရှုပ်ကောင်းရှုပ်ပါလိမ့်မယ်။ စိတ်ဓါတ်မကျပါနဲ့” NoClassDefFoundError:HelloWorld” ဆိုတဲ့error message ကိုနားလည်အောင် လုပ်ကြည့် ရအောင်။ ဒီerror message က ဘာကို ဆိုလိုတယ်လို့  ထင်ပါသလဲ။ Class definitionကို မ တွေ့ ဘူးလို့ဆိုပါတယ်။ ”Def”ဆိုတာ”Definition”ကို ဆိုလိုတာပါ။

သင်ခန်းစာ၁မှာတုန်းကဆောက်ခဲ့တဲ့”HelloWorld.class”ကိုမတွေ့ ဘူးလို့ ပြောချင်တာပါ။

Java class file ကိုရှာဖို့အတွက်ဆိုရင်“ClASSPATH”ကို setting လုပ်ဖို့လိုအပ်ပါတယ် ဒါဆိုPC ကိုJava Class ဘယ်မှာရှိတယ်ဆိုတာကိုပြောဖို့လိုပါလိမ့်မယ်။အခုလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ “CLASSPATH” ကိုဘာမှမဖြည့်ဘဲထားခဲ့တဲ့အတွက်ကြောင့်   ပဲဖြစ်ပါတယ်။ အဲဒါကြောင့်Class file ကိုရှာမတွေ့ဘူးဆိုတဲ့message ကိုမြင်ရခြင်းပဲ ဖြစ်ပါတယ်။

အခုထပ်ပြီးတော့setting window ကိုဖွင့်ပြီးenvironment variable setting ကိုအောက်ပါအတိုင်းပြောင်းလိုက်ပါ။

Variable Name: CLASSPATH

Variable Value:.(←valueအနေနဲ့”dot” [.]ကိုထည့်ပေးပါ။ ဆိုလိုတာက လက်ရှိရှိတဲ့directory ကို လမ်းကြောင်း ပေးလိုက်တာပဲဖြစ်ပါတယ်။) ※Directory ဆိုတာfolder ရှိတဲ့လမ်းကြောင်းကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။Setting လုပ်လို့ပြီးသွားပြီဆိုရင်တော့အခုလေးတင်run ခဲ့တဲ့program ကိုနောက်တစ်ခေါက်ထပ်run ကြည့်ပါ။Java commandကိုရိုက်တဲ့အခါဘာerror မှမပြတော့တာကို တွေ့ရပါလိမ့်မယ်။Java command ကို execute လုပ်တဲ့folder ထဲမှာပဲHelloWorld”ဆိုတဲ့class ကရှိနေတာပါ။အဲဒါကြောင့်Java ကအဲဒီclass ကိုရှာတွေ့ သွား ပြီးrun လို့ ရသွားတာပါ။

အခုဆိုရင်program ကပုံမှန်အတိုင်းrun လို့ ရသွားပါပြီ။

ဒီprogram ဘာကြောင့်ပုံမှန်အတိုင်းပြန်run လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားပြီ လို့ထင်ပါတယ်။ “CLASSPATH” setting ကတကယ်တော့ မလိုအပ်ပါဘူး။ ဘာလို့လဲဆိုရင်computer ကclass fileရှာတဲ့အခါလက်ရှိရှိနေတဲ့directory ကိုauto ၀င်ရှာနိုင်လို့ပါ။ဒါပေမဲ့တချို့အချိန်တွေမှာ ”CLASSPATH”က တစ်ခြားနေရာ ဖြစ်နေတာမျိုးဖြစ်နေတာမျိုး ဆိုရင်တော့ computer ကို class file ရှိတဲ့နေရာကို ပြောပြပေးဖို့ လို့တာကြောင့်ဒီsetting ကို သိထားသင့်ပါတယ်။ Directory တစ်ခုထက်ပိုပြီး ရှုာချင်တယ်ဆိုရင်တော့အောက်မှာပြထားတဲ့အတိုင်းsetting လုပ်နိုင်ပါတယ်။“(Directory A);(Directory B);( Directory C);..”Directory တစ်ခုနဲ့ တစ်ခုခြားမှာsemicolon[;] ထည့်သွားရုံပါပဲ။

၂။ Class name(file name)ကိုပြောင်းကြည့်ရအောင်။

“HelloWorld” ဆိုတဲ့class name (or) file nameကိုသင်ခန်းစာ၂မှာတုန်းက“public class HelloWorld”ဆိုပြီးprogramထဲမှာရေးခဲ့ဖူးပါတယ်။အခုအဲ့ဒီ file name ကိုစာလုံးအကြီး တွေနဲ့”HELLOWORLD”ဆိုပြီးပြောင်းကြည့်ရအောင်။ပြောင်းပြီးသွားရင်တော့compile လုပ်ကြည့်ပါ။

03-2

Error ပေါ်လာတာကိုတွေ့လာပါလိမ့်မယ်။
ဘာကြောင့်လဲဆိုရင်”HELLOWORLD”ဆိုတဲ့class name က “HELLOWORLD.java”ဆိုတဲ့ file  ကိုရှာမတွေ့လို့ ပါ။
အဲဒါဆိုရင်

1.    File name နဲ့Class Name နဲ့တူရပါမယ်။
2. Java မှာclass name နဲ့File name မှာ စာလုံးအကြီးအသေး အမှားမခံဘူးဆိုတာ
ကိုသိရပါမယ်။(အရမ်းအရေးကြီးပါတယ်)

နည်းနည်းလောက်မှားမိတာနဲ့program ကလုံးဝအလုပ်မလုပ်တော့ပါဘူး။အဲဒါကြောင့် စာလုံးအကြီးအသေးနဲ့စာလုံးပေါင်း မမှားဖို့သေချာအောင်လုပ်ဖို့ လိုပါတယ်။Command prompt မှာရိုက်ရင်လည်း စာလုံးအကြီးအသေးကို သတိထားရပါမယ်။Begineer တွေအတွက်ကတော့ မှားတတ်တဲ့အမှားမျိုးပါ။ အဲဒါကြောင့်ဒီအချက်ကို အထူးသတိထားဖို့လိုပါတယ်။

၃။ Coding style ကိုပြောင်းကြည့်ရအောင်။

သင်ခန်းစာ၁နဲ့၂မှာတုန်းက programမှာလွတ်နေတဲ့နေရာ (space)တွေ,blank line တွေအများကြီးရှိနေပါတယ်။ တကယ်ပဲ အဲဒီလိုလုပ်ဖို့လိုအပ်ပါသလား? စဉ်းစားစရာပါဘဲ။ ဒါဆိုအဲဒီနေရာလွတ်တွေ(space),break line တွေကိုဖယ်ပြီးလိုင်းတလိုင်းထဲမှာပဲprogram ရေးရင်ဘာဖြစ်မလဲ ကြည့်ကြည့်ရအောင်။ အောက်မှာမြင်ရတဲ့အတိုင်း program ကို တွေ့ရမှာပါ။ ဒီလိုစမ်းပြီးပြီဆိုရင်တော့ programကိုသင်ခန်းစာ ၁ နဲ့၂ တုန်းကလိုပြန်format လုပ်ဖို့မမေ့ပါနဲ့။

အခုဆိုရင်နေရာလွတ်(space),blank line မရှိတဲ့program ကိုrun ကြည့်ရအောင်။

C:\WORK>javac HelloWorld.java

C:\WORK>java HelloWorld
Hello Java World !

C:\WORK>

ပုံမှန်အတိုင်းrun နေပါတယ်။ဒါဆိုဘာ လို့ blank line တွေနေရာလွတ်တွေ (space)တွေထည့်နေမှာလဲလို့မေးစရာ ရှိလာပါလိမ့်မယ်။အကြောင်းကတော့ program ဖတ်ရလွယ်အောင် လို့ ပါ။ ဘယ်သူမဆို ဒီprogram ကိုလွယ်လွယ်ကူကူ နားလည်နိုင်အောင် လို့ ပဲဖြစ်ပါတယ်။

ကွင်းစ ကွင်းပိတ်တွေမှာမှန်မမှန် ကိုယ်မြင်ချင်တဲ့message ဘယ်မှာရေးထားတယ် ဆိုတာတွေကိုတလိုင်း ထဲမှာအကုန်စုပြီး ရေးထားရင်ရှာဖို့မလွယ်ပါဘူး။ တကယ် လို့ error ဖြစ်ခဲ့မယ်ဆိုရင်error message ကမဆိုင်တာတွေထွက်လာဖို့များပါတယ်. ”The error was found in line No.1”ဆိုရင်ဘယ်နေရာမှာerror ဖြစ် လို့ ဖြစ်မှန်းသိမှာမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့်blank line နဲ့နေရာလွတ်(space)တွေကိုerror ဘယ်မှာရှိနိုင်လဲဆိုတာရှင်းရှင်းလင်းလင်းဖြစ်အောင် လို့ထည့်ချင်းပဲဖြစ်ပါတယ်။

ဒီလိုအလေ့အကျင့်ကို အစကတည်းကလုပ်မယ်ဆိုရင် နောက်ဆိုရင်ဒီလို လုပ်မိတဲ့ ကောင်းကျိုးတွေကိုသိလာမှာပါ။

ကဲသင်ခန်းစာ ၃ ကတော့ဒီလောက်ပါဘဲ “HelloWorld” program ကိုကောင်းကောင်း နားလည်သွားပြီလို့ထင်ပါတယ်။အခုသိထားသမျှတွေက မေ့မသွားအောင် ပြန်လေ့လာဖို့တော့ မမေနဲ့ဦးနော်။

[ဆက်ရန်] သင်ခန်းစာ ၄: Program တစ်ပုဒ်၏ အဓိက အချက်များ

Next Page


Check our Facebook Page!