[သင်ခန်းစာ-၂] – Java Program အခြေခံ တည်ဆောက်ပုံ

[သင်ခန်းစာ -၂] - Java Program အခြေခံ တည်ဆောက်ပုံ

သင်ခန်းစာ ၁ ကို သေချာနားလည်ခဲ့မယ်လို့ ထင်ပါတယ်။ဒီသင်ခန်းစာမှာတော့ သင်ခန်းစာ ၁ မှာရေးခဲ့တဲ့

“Hello World” program ကို ဘယ်လိုပုံစံ execute လုပ်လဲဆိုတာ ပြောပြပါမယ်။ အောက်မှာ တွေ့ရတာ

ကတော့ သင်ခန်းစာ ၁ မှာ ရေးခဲ့တဲ့ “HelloWorld.java” ပဲ ဖြစ်ပါတယ်။

File name: HelloWorld.java

public class HelloWorld

{

    public static void main(String[] args)

    {

        System.out.println("Hello Java World !");

    }

}

၁. Class name

ကိုယ်ရေးတဲ့ program အတွက်  အမည် ပေးခြင်း ပဲဖြစ်ပါတယ်။ Java မှာတော့ “class” လို့ခေါ်ပါတယ်။ “HelloWorld” ဆိုတဲ့ class ကို အသိအမှတ် ပြုဖို့အတွက် line number ၂ နဲ့ line number ၇ မှာ ရှိတဲ့ brackets တွေလိုအပ်ပါတယ်။

၂။ Java ကို Main ကနေ စ run ခြင်း။

 ဒီအောက်မှာ မြင်ရတဲ့ စာကြောင်းကိုတော့ ပုံသေမှတ်ထားဖို့ လိုပါလိမ့်မယ်။

public static void main(String[] args)

“program” တစ်ခုကို စ run မယ်ဆိုရင် main ရှိတဲ့ စာကြောင်းကနေ စrun ပါတယ်။

သင်ခန်းစာ ၁ မှာတုန်းက “java HelloWorld” လို့ command prompt မှာ ရိုက်ပြီး program ကို run ခဲ့တာ မှတ်မိမှာပါ။ “java [classname]” ကိုရိုက်လိုက်တယ်ဆိုရင်ပဲ Java က class ထဲက “main” ရှိနေတဲ့ နေရာကနေ စပြီးတော့ run ပါတယ်။ “main” ရဲ့ ဘေးမှာရှိတဲ့ String[] ဆိုတာကတော့ String array data type ဖြစ်ပါတယ်။ “args” ဆိုတာကတော့ String variable တွေကို သိမ်းထားမယ့် Variable ပါ။ main ထဲမှာ “Args” လို့ ဘာကြောင့်မရေးလဲ ဆိုတာကို နောက်ကျရင် ရှင်းပြပါ့မယ်။

၃။ Message ပြခြင်း ။

ဒီအချက်ကတော့ ကိုယ်က ပြချင်တဲ့ message တွေကို ဘယ်လို ပြမလဲ ဆိုတာကို ပြောပြပါမယ်။

System.out.println(“Hello Java World!”);

အပေါ်မှာ ရှိတဲ့စာကြောင်းကို program ထဲမှာ ထည့်လိုက်မယ်ဆိုရင် “Hello Java World!” ဆိုတဲ့

နေရာမှာ ကိုယ်ပြချင်တဲ့ message ကို ပြောင်းလို့ရပါတယ်။

“System”နဲ့ “System.out.println” ကတော့ Java class library မှာ ရေး ထားပြီးသား keyword ဖြစ်ပါတယ်။ “println” ကတော့ ကိုယ်မြင်ချင်တဲ့ စာကို line တစ်ကြောင်းဆင်းပြီး screen ပေါ်မှာ မြင်ရအောင် လုပ်ပေးတဲ့ keyword ဖြစ်ပါတယ်။ “print” ကိုလဲ သုံးလို့ရပါသေးတယ်။ “print” ကတော့ line မဆင်းပဲ တစ်ဆက်တည်း output ပြတဲ့ keyword လေးပါ။

အကြမ်းအားဖြင့် ဆိုရင် အောက်မှာပြထားတဲ့ example လေးကို ကြည့်လိုက်ရင် ရှင်းသွားမှာပါ။

File Name: ClassName.java

public class ClassName

{

    public static void main(String[] args)

    {

        // the execution part

        //   :

        //   :

    }

}

ဒီသင်ခန်းစာကတော့ ဒီလောက်ပါပဲ။

Java program တစ်ခုရေးတော့မယ်ဆိုရင် ဒီသင်ခန်းစာမှာ ရှိတာတွေကို အခြေခံ သဘောတရား အနေနဲ့ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။

[ဆက်ရန်] သင်ခန်းစာ ၃ : Program ကို execute လုပ်ကြမယ်

Next Page


Check our Facebook Page!