[သင်ခန်းစာ-၀] – Java ကိုinstall လုပ်ကြမယ်

[သင်ခန်းစာ-၀] - Java ကိုinstall လုပ်ကြမယ်

Javaကိုဘယ်လိုinstallလုပ်ရမယ်ဆိုတာကိုကျောင်းသားတော်တော်များများကမသိကြပါဘူး။

ဒီ chapter မှာ Java ကို ဘယ်လိုInstall လုပ်ရမလဲဆိုတာကိုရှင်းပြထားပါတယ်။ Java SE 7u55 Development kit မှာဆိုရင် Java SE 7(Java Platform, Standard Edition) Windows(32bits)အတွက်ဖြစ်ပါတယ်။

Java install လုပ်တော့မယ်ဆိုရင် version တွေများကြီးရှိတဲ့ အတွက်ကြောင့် ကိုယ့်စက်နဲ့ သင့်တော်မယ့် Versionကို ယူပြီး  install လုပ်ဖို့လိုပါတယ် Setp1 Java ကို Download လုပ်ကြမယ်

Setp1 Java ကို Download လုပ်ကြမယ်

ပထမဆုံးအနေနဲ့ Java Installation Software ရှိနေဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြ ပါ  URL ကိုသွား လိုက်ပါ။

http://www.oracle.com/technetwork/java/javase/downloads/index.html

Java SE7u55 မှာမြင်ရတဲ့ “Download” ခလုတ်ကို click လိုက်ပါ *Java ကို free download လုပ်လို့ရပါတယ် *Java SE 7u55 Download က page ရဲ့အလယ်နားလောက်မှာရှိပါတယ်JDK 7u55 နဲ့မှားပြီး download မလုပ်မိပါစေနဲ့။

Download ကိုနှိပ်လိုက်ရင်「Java SE Development Kit 7 Downloads」 page ပေါ်လာ ပါလိမ့်မယ်။ License Agreement ကို Accept လုပ်လိုက်ပါ။ Windows (32bits) အတွက်ဆိုရင်တော့ jdk-7u55-windows-i586.exeကို download လုပ်ပါ။ ကိုယ်download လုပ်လိုက်တဲ့နေရာကိုလည်းမေ့မသွားပါစေနဲ့ Download  ပြီးပြီ ဆိုရင် install စလုပ်လို့ရပါပြီ။

jdk-7u55-windows-i586.exe

STEP2 Java ကို install လုပ်မယ်

အခုလေးတင် download လုပ်လိုက်တဲ့ file ကို click၂ချက်နှိပ်လိုက်ပါ။ install လုပ်ဖို့screenပေါ်လာပါလိမ့်မယ်။ License agreement ကိုရောက်ရင်“agree the terms of the license agreement”ဆိုတာကို check လုပ်လိုက်ပြီး Next ကိုသွားပါ။ Jave ကို Default Setting အနေနဲ့ installလုပ်မယ် ဆိုရင် အောက်မှာရှိတဲ့ directory မှာ သူ့ ဘာသာလုပ်သွားပါလိမ့်မယ်။ C: \ Program Files \ Java \ jdk1.7.0_55.

STEP 3 Beginner တွေမှားတတ်တဲ့ environment variable

Java install လုပ်ပြီးပြီဆိုရင် Java ကို အသုံးပြုဖို့အတွက် environment variable ဆိုတာကိုsetupလုပ်ဖို့လိုပါတယ်။ လုပ်ဖို့မေ့သွားခဲ့တယ် ဆိုရင်တော့Java ကအလုပ်လုပ်မှာ မဟုတ်ပါဘူး။ OS(Operating System) ပေါ်လိုက်ပြီးလုပ်ပုံလုပ်နည်းမတူတဲ့အတွက် ကြောင့်

OS တစ်ခုချင်းစီကိုသေချာ ဖတ်ပြီးမှလုပ်စေချင်ပါတယ်။

C:\Program Files\Java\jdk1.7.0_55\bin ဒီdirectory အောက်မှာinstall လုပ်ထားတဲ့Java ကိုတွေ့ရမှာပါ။version number နဲ့အတူfolder ပြုလုပ်ထားတာကြောင့်version number ကို သတိပြုမိစေချင်ပါတယ်။

သတိပြုရန်။ လက်ရှိPC က administrative user ဟုတ်မဟုတ်သိဖို့အတွက်user setting ကိုစစ်ဖို့တော့လိုပါလိမ့်မယ်။ User setting ထဲမှာ တစ်ခြား user account မရှိခဲ့ရင်တော့ အခုသုံးတာကadministrative user လို့ယူဆ နိုင်ပါတယ်။

01-1

၁. Start menu ကိုနှိပ်ပါ(Screen ရဲ့ ဘယ်ဘက်အောက်နားမှာ ရှိပါတယ်) Start -> ”Settings” -> ”Control Panel” -> “System” Vista အတွက်ဆိုရင်တော့ System ကိုအောက်မှာပြထားတဲ့အတိုင်း မြင်ရမှာပါ။ ပြီးသွားရင်တော့ Advance system Setting ကိုသွားပါ။

01-2

၂. “Advanced” tab မှာရှိတဲ့ “Environment Variables” ကိုနှိပ်လိုက်ရင် “Environment Variables” dialog ပေါ်လာပါလိမ့်မယ်။

01-3

၃. “User Variables” မှာရှိတဲ့ “New” ဆိုတဲ့ button ကို နှိပ်လိုက်ပါ။ “User Variables” မှာ “PATH” ဆိုတာ ရှိပြီးသားဆိုရင်တော့ “PATH” ကို Select လုပ်ပြီး “Edit” ကို နှိပ်ပါ။

၎. ပုံမှာ မြင်ရတဲ့ window ပေါ်လာရင် အောက်မှာပြထားတဲ့ အတိုင်း ရိုက်ထည့်လိုက်ပါ။

Variable name ... "PATH"

Variable value ... " C: \ Program Files \ Java \ jdk1.7.0_55\bin;

“PATH” ရှိပြီးသား သူတွေအတွက်ကတော့ အောက်မှာရှိတဲ့ အတိုင်း ရိုက်ထည့်ပါ။

Variable name ... "PATH"

Variable value ... "(current variable values);C: \ Program Files \ Java \ jdk1.7.0_55 \ bin;"

သတိပြုရန်-  “;” semicolon “C: \” အရှေ့မှာ ရှိတာကို မမေ့ပါနဲ့။   " C:\jdk1.7.0_55 \ bin \ Program Files \ Java \" ဆိုတဲ့ လမ်းကြောင်းကတော့ Java file ရှိတဲ့နေရာပဲ ဖြစ်ပါတယ်။ Version နဲ့ PATH variable ကို PC မှာရှိတဲ့ Java file ရှိတဲ့ နေရာနဲ့ မတူရင်တော့ကိုယ့် PC ထဲက Java file path အတိုင်းပဲ ပြောင်း လိုက်ပါ။

၅. “OK” ကိုနှိပ်ပြီး dialog box ကို ပိတ်ပါ။

“PATH” ကို setting လုပ်ပြီးပြီ ဆိုရင်တော့ ပုံမှာ မြင်ရတဲ့အတိုင်း “Properties window”

မှာ မြင်ရမှာပါ။“OK” ကိုနှိပ်ပြီး ပိတ်လိုက်လို့  ရပါပြီ။ သတိထားရမှာက

ဒီအချိန်မှာ “Command prompt” ဖွင့်ထားခဲ့မယ်ဆိုရင် ပိတ်ပြီး ပြန်ဖွင့်ဖို့လိုပါလိမ့် မယ်။

အခုဆိုရင် “Environment Variable” ကို Setting လုပ်လို့ ပြီးသွားပါပြီ။

STEP 4 Setting မှန် မမှန် ပြန်စစ်ကြည့်မယ်။

အခု အချိန်က စပြီး Java ကို စပြီး အသုံးပြုလို့ရပါပြီ။

အရင်ဆုံး မသုံးခင်မှာ Setting မှန် မမှန်ဆိုတာ ပြန်စစ်ကြည့်တာပေါ့။

အောက်မှာ ရှိတဲ့ လုပ်ဆောင်ချက်တွေ အတိုင်းလုပ်ပါ။

Start Menu -> “All Programs” -> “Accessories” -> “Command Prompt” ဒါမှမဟုတ် Start Menu မှာရှိတဲ့ Search box ကနေ “cmd” လို့ရိုက်လိုက်ပါက ပုံမှာ မြင်ရတဲ့ အတိုင်း “Command Prompt” ပေါ်လာပါလိမ့်မယ်။

 01-7

“javac” လို့ ရိုက်ပြီး “Enter” ခေါက်လိုက်ပါ။ အောက်က ပုံမှာရှိတဲ့ အတိုင်း မြင်ရပါက Setting လုပ်ထားတာ အောင်မြင်တယ်လို့ ဆိုရမှာပေါ့။ အခုဆိုရင် Setting ကို ချောချော မွေ့ မွေ့နဲ့  လုပ်ပြီးသွားပါပြီ။

01-7

“Javac is not recognized as and internal or external command, operable program or batch file” ဆိုတဲ့ message သာ တွေ့ခဲ့မယ်ဆိုရင်တော့ Setting လုပ်တုန်းကတစ်ခုခု မှားခဲ့ပြီဆိုတာ သေချာ တဲ့အတွက်ကြောင့် Setting လုပ်ပုံကို တစ်ခုချင်းစီ ပြန်စစ်ကြည့်ပြီး အစကနေ ပြန်လုပ်ပါ။ ကဲ အခုဆိုရင်တော့ Java Installation လုပ်တာ အောင်မြင်စွာနဲ့  ပြီးဆုံးသွားပါပြီ။ ထပ်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းပြီး အရေးပါတဲ့ “Java World” ဆိုတဲ့ program ကို နောက် Chapter မှာ စမ်းလုပ်ကြည့်ရအောင်။

[ဆက်ရန်] သင်ခန်းစာ ၁ : Java ကိုအစပျိုးကြမယ်

Next Page


Check our Facebook Page!